စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

(၇၅) နှစ်မြောက် ကရင့်တော်လှန်ရေးနေ့အခမ်းအနားအား ခလယ်လွီထူခရိုင်နေရာအနှံ့အပြားအတွင် ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားပြီးသည့်အချိန်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူလူထု ပိုင်နေအိမ် အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ရ

ဇန်နဝါရီလ (၃၁) ရက်၊ ၂၀၂၄ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူခရိုင်တွင် ယနေ့ကျရောက်သည့် (၇၅)နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ကို ခရိုင်၊ မြို့နယ် နှင့် ကျေးရွာနေရာအနှံ့အပြားတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားများသို့ ခရိုင်၊ မြို့နယ်၊ တပ်ရင်း/တပ်ဖွဲ့များရှိ ခေါင်းဆောင်များ၊ ကျေးရွာပြည်သူလူထုများ တက်ရောက်ဂုဏ်ပြုကျင်းပပြုလုပ်ခဲ့ကြသည်။ ကရင့်တော်လှန်ရေးနေ့အခမ်းအနား ကျင်းပပြီးစီးသည့်အချိန် နေ့လည် (၁)နာရီခွဲအချိန်၌ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီဘက်မှ လယ်ဒိုမြို့နယ်၊ ကွီးလားကျေးရွာနှင့် ဆောထိမြို့နယ် ထီးဝါးထာ ကျေးရွာ တွင် ဂျက်ဖိုက်တာလေယာဉ် (၂)စင်းဖြင့်လာရောက် ပစ်ခတ်ခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုအတွင်း ဂျက်ဖိုက်တာလေယာဉ်တစ်စင်းသည် အော်လီဂန်းဖြင့် လည့်ပတ် ပစ်ခတ် ခဲ့ပြီး ကျန်တစ်စီးမှာ ဗုံးများကျဲချခဲ့ကာ ထိုလေယာဉ် ပစ်ခတ်မှုတွင် ကျည်ပေါက်ကွဲမှုများသည် အများအား ဖြင့် လေထဲတွင်သာ ပေါက်ကွဲကြသည်ကို တွေ့ရှိရသည်။

ထိုပစ်ခတ်မှုကြောင့် ကွီးလားကျေးရွာမှ ဆေးခန်းနှင့် ဆေးခန်း၏ ထမင်းရုံး(၁)လုံးနှင့် အိမ်သာ(၁)လုံး ပျက်စီးခဲ့ရပြီး ထီးဝါးထာကျေးရွာတွင် နေအိမ်(၂) လုံး ပျက်စီးခဲ့ရကာ ဝက်(၁)ကောင်သေဆုံးခဲ့ရသည်။
 
ဓါတ်ပုံ − ခလယ်လွီထူခရိုင်တွင် ကျင်းပပြုလုပ်ခဲ့သော (၇၅) နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အခမ်းအနား ပုံရိပ် များနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများ။

သတင်းအရင်းအမြစ် − ခလယ်လွီထူခရိုင်−သတင်းနှင့်ပြန်ကြားရေး။