စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

(၇၆) နှစ်မြောက် ကရင်အမျိုးသားနေ့အား ဖားအံခရိုင်၊ မော်ပယ်ခို့ တွင်ပြုလုပ်ကျင်းပ


၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁၊ ကေအဲန်ယူ-ဗဟို။

ယနေ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ကျရောက်သော (၇၆) နှစ်မြောက် ကရင်အမျိုးသားနေ့အား ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊လှိုင်းဘွဲမြို့နယ်၊ မော်ပယ်ခို့ကျေးရွာ အမှတ်(၁) ဖားအံခရိုင် အထက်တန်းကျောင်းတွင် ပြုလုပ်ကျင်းပခဲ့ပြီး အခမ်းအနားမှူးများအဖြစ် ဆရာမ နော်အယ်ဖော်ဝါး ( ပညာပေး၊ စည်းရုံးရေးနှင့် ဖွဲ့စည်းတည်ဆောက်ရေးလုပ်ငန်းကော်မတီ-ဗဟို) နှင့် ဆရာ ဝေယံမင်းသိန်း ( ပညာပေး၊ စည်းရုံးရေးနှင့် ဖွဲ့စည်းတည်ဆောက်ရေးလုပ်ငန်းကော်မတီ-ဗဟို) တို့က ဦးဆောင်ခဲ့ပါသည်။

အခမ်းအနားတွင် ခေါင်းဆောင်ကြီးများနှင့် ဧည့်သည်တော်များနေရာယူအပြီးတွင် တပ်ရင်း (၂၁) ရုံးထိုင်မှူး ဗိုလ်ကြီးစောတွံ့တေး ၏ ဦးဆောင်မှုဖြင့် ကရင်အမျိုးသားအလံတော်အား ဦးညွှတ်ခဲ့ကြပြီး ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်များ၊ ရဲဘော်များနှင့် ပြည်သူများအား တစ်မိနစ်ခန့် ငြိမ်သက်အလေးပြုခဲ့ပါသည်။

ထို့နောက်တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တွဲဖက်အတွင်းရေးမှူး(၂) ပဒိုစောလှထွန်းမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ကရင်အမျိုးသားနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းအား ပဒို စောလွယ်စိုး (မူတြော်ခရိုင်) မှ ဖတ်ကြားပေးခဲ့ကာ (၇၆) နှစ်မြောက် ကရင်အမျိုးသားနေ့ ဂုဏ်ပြုမိန့်ခွန်းအား ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း မှ ပြောကြားခဲ့ပါသည်။

(၇၆) နှစ်မြောက် ကရင်အမျိုးသားနေ့ သို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မှ ပေးပို့သော သဝဏ်လွှာအား ဆရာမ နော်ဂေဂေ ( ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးလုပ်ငန်းကော်မတီ-ဗဟို) မှဖတ်ကြားပေးခဲ့ပြီး ပဒိုစောသမိန်ထွန်း (ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဗဟိုအမြဲတမ်းကော်မတီ) ၊ ပဒိုနော်စလဲ (တောင်ငူခရိုင်-ကရင်အမျိုးသမီးအစည်းအရုံး)၊ ဆရာ စောခန့်ဇော်ဝင်း (ကရင်လူငယ်အစည်းအရုံး-ဗဟို) နှင့် ဖားအံခရိုင် တရားသူကြီးချုပ် ပဒိုမန်းပန်းသီ တို့မှ အားပေးဂုဏ်ပြုစကားပြောကြားခဲ့ပါသည်။

ထို့ပြင် အမှတ်(၁) ဖားအံခရိုင် အထက်တန်းကျောင်း ကျောင်းအုပ် ဆရာစောအယ်ကလိုစေးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အမှတ်(၁) ဖားအံခရိုင် အထက်တန်းကျောင်း မှ ကျောင်းသူကျောင်းသားများ၊ နိုင်ငံရေးနှင့် စည်းရုံးရေး လုပ်ငန်းကော်မတီ (TOT) သင်တန်းမှ ဆရာ၊ဆရာမများ၊ ကရင်အနုသုခုမ အသင်း (KAA) ၊ အပျိုစင်ဒုံးနှင့် ဖားအံခရိုင်(နိုင်ငံရေးနှင့် စည်းရုံးရေးလုပ်ငန်းကော်မတီ) တို့မှ (၇၆) နှစ်မြောက် ကရင်အမျိုးသားနေ့ ဂုဏ်ပြုသီချင်း အဆိုအကများဖြင့် ဖျော်ဖြေခဲ့ကာ အခမ်းအနားသို့ လူဦးရေ (၁၅၀) ခန့်တက်ရောက်ဂုဏ်ပြုခဲ့ပါသည်။