စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ဗဟိုဌာနချုပ်

ကရင်လူငယ် အစည်းအရုံး (၆) ကြိမ်မြောက်ကွန်ကရက် အပြီး ပထမ အကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေး ပြုလုပ်

ဖေဖော်ဝါရီလ ၂၉ရက်၊ ၂၀၂၄ခုနှစ်၊ ကေအဲန်ယူ-ဗဟို

KYO ကရင်လူငယ် အစည်းအရုံး ၏ (၆) ကြိမ်မြောက်ကွန်ကရက် အပြီး ပထမ အကြိမ် နှစ်ပတ်လည် အစည်းအဝေးကို ကရင်လူငယ် အစည်းအရုံး ဗဟို ဌာနချုပ်တွင် ၂၃.၂.၂၀၂၄ မှ ၂၅.၂.၂၀၂၄ ထိ ပြုလုပ်ခဲ့ပါသည်။

အစည်းအဝေး သို့ ခရိုင် (၇) ခရိုင်နှင့် ဒုက္ခသည် စခန်း (၃) ခု မှ KYO ခေါင်းဆောင်ကိုယ်စားလှယ် များနှင့် ဗဟို KYO ခေါင်းဆောင်များ စုစုပေါင်း ၅၀ ကျော် တက်ရောက်ခဲ့ပြီး အစည်းအဝေး တွင် ကရင်လူငယ်အစည်းအရုံး ၏ အစီရင်ခံစာများ နှင့် လက်ရှိ ပကတိ နိုင်ငံရေး အခြေအနေ တွင် ကရင်လူငယ်များ အပါအဝင် မြန်မာ နိုင်ငံရှိ လူငယ်များ ရင်ဆိုင်ကြုံတွေ့ နေရသော အခြေအနေများကို လည်း သုံးသပ်ဆွေးနွေးခဲ့သည်။

ထို့နောက် ကရင်လူငယ်အစည်းအရုံး မှ လူငယ်များ နှင့် လက်ရှိနိုင်ငံရေး အခြေအနေတွင် ရင်ဆိုင်နေရသော အခြေအနေအရ ဆောင်ရွက်ရမည့် လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာ လုပ်ငန်းစဥ်များ အပါအဝင် ရှေ့လုပ်ငန်းစဥ်များ ချမှတ်နိုင်ခဲ့ပါသည်။