စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ဗဟိုဌာနချုပ်

3 Years after the Coup: Towards a Democratic Myanmar and its Impact on Security along the Thai Border

ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ထိုင်းပါလီမန်က ဦးစီးကျင်းပသည့် “စစ်အာဏာသိမ်းပြီး ၃ နှစ်အကြာ - မြန်မာ့ဒီမိုကရေစီအရေး ဆီသို့ နှင့် ထိုင်းနယ်စပ်လုံခြုံရေးအပေါ်သက် ရောက်မှု” (3 Years after the Coup: Towards a Democratic Myanmar and its Impact on Security along the Thai Border) ခေါင်းစဥ်နှင့် ၂၀၂၄ ခုနှစ် မတ်လ ၂-၃ တွင် ကျင်းပသော ဆွေးနွေးပွဲအခမ်းအနားတွင် ကရင်အမျိုးသားအစည်းအရုံး (Karen National Union) နိုင်ငံခြားရေးဌာန အတွင်းရေးမှူး စောNimrod တက်ရောက် စကားပြောခွင့်ရရှိခဲ့ပြီး ထိုအခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်းစီ (National Unity Consultative Council) အပါအ၀င် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသော တော်လှန်ရေးအင်အားစုများ နှင့်နိုင်ငံတကာမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။

စစ်အာဏာသိမ်းမှုအလွန် ဖြစ်‌ပေါ်လာခဲ့သော စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့်ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေး နှင့်ပတ်သက်သော KNU ၏ သဘောထား၊ ရပ်တည်ချက်များနှင့်ပတ်သက်ပြီး စောNimrod က “စစ်အာဏာသိမ်းမှုအလွန်ပေါ်ပေါက်လာတဲ့ လူထုတော်လှန်ရေးဟာ စုံလင်ကွဲပြားတဲ့ နောက်ခံပေါင်း စုံများမှပြည်သူတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ အထူးသဖြင့် လူငယ်တက်ကြွလှုပ်ရှားသူတွေအားလုံးက မြန်မာစစ်တပ်ကို အရင်က မကြုံဖူးခဲ့တဲ့ အရှိန်အဟုန်နဲ့ အစွမ်းကုန် တွန်းလှန်နေကြတာကြောင့် မြန်မာစစ်တပ်ဟာ အနှေးနှင့်အမြန် ပြိုလဲခြင်းနှင့် ရှုံးနိမ့်ခြင်းကို ရင်ဆိုင်ရမယ်ဆိုတာယုံကြည်ပါတယ်။ မြန်မာစစ်တပ် ပြိုလဲသွားတာကြောင့် တချို့ နိုင်ငံတကာအသိုင်းအ၀ိုင်းက စိုးရိမ်ကြသို မြန်မာပြည်ကြီးဟာ ယိုင်လဲသွားမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ စစ်အာဏာရှင်ကို နည်းမျိုးစုံနဲ့ ဆန့်ကျင်တွန်းလှန်နေကြရင်း ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ထူထောင်လိုသော ပြည်သူများရဲ့ ဆန္ဒနဲ့အညီ မြန်မာပြည်ဒေသအနှံ့ အပြား မှာ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မှုလုပ်ငန်းတွေကို အောက်ခြေအုတ်မြစ်ကနေ မိမိအသိစိတ်ဓာတ်နဲ့ မိမိဒေသအသီးသီးမှာ ကိုယ်ထူကိုယ်ထ တည်ဆောက်နေကြသလို ဒီမိုကရေစီ မဟာမိတ်များအချင်းချင်းလည်း အပြန်အလှည်ညှိနှိုင်းမှုတွေ ယုံကြည်မှုတွေတည်ဆောက် နေကြတာကြောင့်ဖြစ်တယ်။” လို့ပြောကြာခဲ့ပါသည်။

တဆက်တည်းမှာပဲ စစ်ကောင်စီတပ်များ၏ လက်နက်ကြီး၊ လေကျောင်းတိုက်ခိုက်မှုများကြောင့် အတိဒုက္ခရောက်နေသော ပြည်သူများထံသို့ လူသားချင်းစာနာထောက် ထားသည့် အကူအညီများ အထိရောက်ဆုံးနှင့် အမြန်ဆုံးရောက်ရှိနိုင်ရေးအတွက် အကြံပြုချက်များ တင်ပြဆွေးနွေးရာတွင် “ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ကလေးသူငယ်၊ မိခင်၊ သက်ကြီးရွယ်အိုအပါအ၀င် အရပ်သားပြည်သူ ထောင်ပေါင်း များစွာ အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်ပါတယ်။ သန်းနှင့်ချီ အိုးအိမ်ပျက်စီးပြီး စစ်ရှောင်ဘ၀ရောက်နေကြရပါတယ်။ ကေအန်ယူအုပ်ချုပ်နယ် မြေတွင်း မှာတင် ‌နေအိမ်စွန့်ခွာပြေးရသူ ၇၆၄,၅၅၅ (၇ သိန်း ၆ သောင်းကျော်) ရှိနေပါတယ်။ ထိုင်းအစိုးရအနဲ့ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာကူညီရေးဆောင်ရွက်မည့် အစီအစဥ်အတွက် ကျေးဇူးတင် ကြိုဆိုပါတယ်။ သို့ရာတွင် ထိုင်း-မြန်မာနယ်စပ် တစ်ကျော အကူအညီပေးရေးလုပ်ငန်းများကို စစ်ကောင်စီနဲ့နီးစပ်သည့် မြန်မာကြက်ခြေနီအသင်းနှင့် ချိတ်ဆက်လုပ်ဆောင်မည့် အစီအစဥ်ကို အထူး စိုးရိမ်မကင်းဖြစ်ရပါတယ်။ သူတို့ဟာ အကူအညီလိုအပ်သည့်နေရာမှာကို သွားနိုင်မှာ မဟုတ်ပါ။ ဒါကြောင့် ထိုင်း-မြန်မာနယ်စပ်တကျောတွင် ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ အကူအညီးတွေ အမြန်ဆုံးနဲ့ အထိရောက်ဆုံးရောက်နိုင်ရန်အတွက် ထိုင်းအစိုးရနှင့် ထိုင်းကြက်ခြေနီအသင်းအနေနဲ့ TBC (the Border Consortium)၊ CIDKP (Committee for Internally Displaced Karen People) နဲ့ အခြားဒေသခံ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် ဆောင်ရွက်ဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်။ KNU အနေနဲ့လည်း ထိုင်း-မြန်မာ နယ်စပ်အပြင် မိမိအုပ်ချုပ်ရာ နယ်မြေတွင်း လုံခြုံရေးကို အတတ်နိုင်ဆုံး တာ၀န်ယူဆောင်ရွက်သွားပါမယ်။ စစ်ကောင်စီ ထိန်းချုပ်မှုအောက်တွင်ရှိသော ပြည်သူများအတွက်လိုအပ်တဲ့ လူသားချင်းစာနာထောက်ထားတဲ့အကူညီတွေရရှိစေရေးအတွက်ကိုမူ လေကြောင်း၊ ရေကြောင်းဖြင့် ဆောင်ရွက်ရန်ဖို့ အကြံပြုတိုက်တွန်ပါတယ်။” ဟု တိုက်တွန်းပြောဆိုခဲ့သည်။
ဓါတ်ပုံ − The Reporters