စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ဗဟိုဌာနချုပ်

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ဗဟို စစ်ဌာနချုပ်၌ အပတ်စဉ် ၃ (Medic) ဆေးသင်တန်းဆင်းပွဲကျင်းပပြုလုပ်။

မေလ (၃) ရက်၊ ၂၀၂၄ ခုနှစ်၊ ကေအဲန်ယူ-ဗဟို။

ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) ဗဟို စစ်ဌာ နချုပ် သေ့ဘေ့ထ ခန်းမ၌ ဗဟိုစစ်ဆေးဌာနနှင့် (B.P.H.W.T) အဖွဲ့အစည်းတို့မှ ပူးပေါင်းဆောင်ရွက်ဖွင့်လှစ်သည့် အပတ်စဉ် ၃ (Medic) ဆေးသင်တန်း ဆင်းပွဲအခမ်းအနားအား ၂၀၂၄ ခုနှစ်၊ မေလ (၁) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးမှ ခေါင်းဆောင်များ၊တပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်များ၊အရာရှိများနှင့် ရဲဘော်များ၊ ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (K.N.S.O) မှခေါင်းဆောင်များ၊ ကျောင်သားတပ်မတော်(A.B.S.D.F) မှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကာ ဆေးသင်တန်းတွင် အောင်မြင်ခဲ့သည့် သင်တန်းသား (၁၈) ဦး နှင့် သင်တန်းသူ (၂၂) ဦး စုစုပေါင်း (၄၀) ဦးတို့အား သင်တန်းအောင်လက်မှတ် ချီးမြှင့်ခဲ့ပြီး အခမ်းအနားသို့ လူဦးရေ ၇၀ ကျော် တက်ရောက်အားပေးခဲ့သည်။