စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ဖားအံခရိုင်၌ ကွန်ပျူတာသင်တန်းနှင့် ရုံးပိုင်းဆိုင်ရာစီမံခန့်ခွဲမှု စွမ်းရည်မြင့် သင်တန်းဆင်း ပွဲ ကျင်းပပြုလုပ်ခဲ့

မေလ (၂၇) ရက်၊ ၂၀၂၄ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင် တပ်မဟာ (၇) အုပ်ချုပ်နယ်မြေ၊ လှိုင်းဘွဲမြို့နယ်ရုံး လေးဝါးနေရာတွင် ဖားအံခရိုင်အတွင်း ဌာနပိုင်းဆိုင်ရာအသီးသီးတွင် ဝင်ရောက်တာဝန် ထမ်းဆောင်နေကျသော ရုံးလုပ်သားများအား စွမ်းရည်မြင့်တင်ရန်အတွက် ဖားအံခရိုင်မှ ဦးဆောင်ပြီး စွမ်းရည်မြင့် သင်တန်းတစ်ရပ်အား ပြုလုပ်ခဲ့ပြီး ၂၀၂၄ ခုနှစ် မေလ (၂၇) ရက်နေ့တွင် ကွန်ပျူတာသင်တန်းနှင့် ရုံးပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု စွမ်းရည်မြင့်သင်တန်းဆင်းပွဲအား ကျင်းပပြုလုပ်ခဲ့သည်။

ထိုစွမ်းရည်မြင့်သင်တန်းသို့ ဖားအံခရိုင်အတွင်း ခရိုင်အဆင့် မြို့နယ်အဆင့် သက်ဆိုင်ရာ ဌာနအသီးသီးတွင်း ဝင်ရောက်တာဝန် ထမ်းဆောင်နေကြသော လူငယ် (၂၇) ဦးမှ ကွန်ပျူတာသင်တန်း အား (၃) လကြာတက်ရောက်ခဲ့ပြီး ရုံးပိုင်ဆိုင်ရာ စီမံခန့်ခွဲမှု သင်တန်းအား ကွန်ပျူတာသင်တန်းသို့ တက်ရောက်သူများအပါအဝင် သင်တန်းသား (၃၀) ကျော် ပါဝင်တက်ရောက်ခဲ့ပါသည်။

သင်တန်းဆင်းပွဲ အခန်းအနားသို့ ဖာအံခရိုင် ခရိုင်တရားသူကြီးချုပ် ပဒိုမန်းပန်းသီ၊ ခရိုင် တွဲဖက်အတွင်း ရေးမှူး ပဒိုစောဂေထူး နှင့် စည်းရုံးရေးနှင့်ပြန်းကြားရေးဌာနမှူး ပဒိုနောရှီးဝါးတို့မှ တက်ရောက်ခဲ့ပြီး သင်တန်းပြီးဆုံးသွားသော သင်တန်းသူသင်တန်းသားများကို အာပေးစကားများပြောကြားခြင်း သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခြင်းတို့အား လုပ်ဆောင်ခဲ့သည်။