စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

မူတြော်ခရိုင်၌ (၃၅) နှစ်မြောက် ကရင်လူငယ်အစည်းအရုံး (K.Y.O)နေ့ ကျင်းပပြုလုပ်ခဲ့

မေလ (၂၄) ရက်၊ ၂၀၂၄ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၄ ခုနှစ် မေလ (၂၃) ရက်နေ့ မနက် (၈း၃၀) မိနစ်မှ (၁၂:၃၀) မိနစ်အချိန်အတွင်း မူတြော်ခရိုင် ကရင်လူငယ် အစည်းအရုံးမှ (၃၅) နှစ်မြောက် ကရင်လူငယ်အစည်းအရုံးနေ့အခမ်းအနားကို လူသောကော်ဆာ၊ ပေးကေးကျေးရွာအုပ်စု၊ ဒေပိုနို့ဒေသတွင်ကျင်းပပြုလုပ်သည်။

ကရင်လူငယ်အစည်းအရုံးနေ့အခမ်းအနားတွင် မူတြော်ခရိုင် ကရင်လူငယ်အစည်းအရုံးအတွင်းနှင့် ကေအဲန်ယူ အဖွဲ့အစည်းအတွင်း အလုပ်လုပ်နေသေးသော လူများကိုဂုဏ်ပြုလက်ဆောင်ပေးပြီး ပန်းကုံး များစွပ်ပေးခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ခံရသောခေါင်းဆောင်များအတွက် မူတြော်ခရိုင် ကရင်လူငယ်အစည်း အရုံး ဒုဥက္ကဌ နော်ကမွီးဖော မှ ဂုဏ်ပြုစကားပြောကြားခဲ့သည်. ပြီးနောက် ဂုဏ်ပြုခံရသော ခေါင်းဆောင် များထဲမှ ပဒိုနော်ပယ်ဝါး မှ ကျေးဇူးတင်စကားပြောကြားခြင်းနှင့် တက်ရောက်လာသော ကရင်လူငယ် များကို လမ်းညွန်စကားပြောကြားခဲ့သည်။

ဒုတိယ အစီအစဥ်အရ ကရင်လူငယ်အစည်းအရုံးဗဟိုမှ ပေးပို့လာသောသဝဏ်လွှာဖတ်ကြားခြင်း၊ ခေါင်းဆောင်များဖြစ်သော မူတြော်ခရိုင်ဥက္ကဌပဒိုစောထဲဒယ်၊ သတ္ထုတွင်းတာဝန်ခံ ပဒိုစောသေးဟဲ၊ ခရိုင်ရုံးအုပ် ပဒိုနော်ပယ်ဝါး၊ ခရိုင်တရားသူကြီး ပဒိုစောရောဘေမူး၊ ခရိုင်တွဲဖက် အတွင်းရေးမှူး ပဒိုစောကလိုထူး နှင့် စည်းရုံးရေးဌာနအတွင်းရေးမှူး ပဒိုစောထူးဂေ တို့မှ အားပေးစကား အသီးသီး ပြောကြားခဲ့သည်။

(၃၅) နှစ်မြောက် ကရင်လူငယ်အစည်းအရုံးဂုဏ်ပြုခြင်းအစီအစဥ်ကို ခရိုင်ခေါင်းဆောင်များ၊ တပ်မဟာ ခေါင်းဆောင်များ၊ အဖွဲ့အစည်းအသီးသီးမှကိုယ်စားလှယ်များနှင့် ကရင်လူငယ်အစည်းအရုံးမှ လူငယ် များ စုစုပေါင်း လူ ၁၁၆ ဦးတက်ရောက်ဂုဏ်ပြုသည်။