စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ကော်သူးလေ စိုက်ပျိုးရေးမူဝါဒ ဖြည့်စွက်ပြင်ဆင်ခြင်းနှင့် ကော်သူးလေအလုပ်သမားများသမဂ္ဂ (FTUK) ဖွဲ့စည်းရန် နှီးနှောဖလှယ်ပွဲကျင်းပပြုလုပ်

ဒီဇင်ဘာလ (၂) ရက်၊ ၂၀၂၄ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
ကော်သူးလေ စိုက်ပျိုးရေးမူဝါဒ ဖြည့်စွက်ပြင်ဆင်ခြင်းနှင့် ကော်သူးလေအလုပ်သမားများသမဂ္ဂ (FTUK) ဖွဲ့စည်းခြင်း နှီးနှောဖလှယ်ပွဲအား ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး လယ်ယာစိုက်ပျိုးရေးဌာနမှူး ပဒိုစောလေ့စေးမှ ဦးဆောင်ကာ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်မှ (၂၉) ရက်နေ့အထိ (၂) ရက်တာ ဆွေးနွေး ခဲ့ကြသည်။
ကော်သူးလေစိုက်ပျိုးရေးမူကြမ်း ဖြည့်စွက်ပြင်ဆင်ရန်အတွက် အကြံဉာဏ်ရယူခြင်း၊ ကော်သူးလေ အလုပ် သမားများသမဂ္ဂ (FTUK) စနစ်တကျနှင့် ကျစ်လစ်ခိုင်မာလာစေရန် ဦးဆောင်သူများနှင့် ပါဝင်သူများ ပြန်လည်စီစစ်ရန်ရည်ရွယ်၍ နှီးနှောဖလှယ်ပွဲအားပြုလုပ်ခဲ့ရခြင်းဖြစ်သည်။
နှီးနှောဖလှယ်ပွဲသို့ ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ဒူးသထူခရိုင်‌ခေါင်းဆောင်များ၊ ကေအဲန်ယူ ကျိုက်ထို၊ ဖားအံ၊ ဘီးလင်း၊ သထုံ၊ မော်စကို မြို့နယ်အသီးသီးတို့မှ လယ်ယာစိုက်ပျိုးရေးဌာန ခေါင်းဆောင် များ၊ တပ်မဟာ၊ တပ်ရင်းခေါင်းဆောင်များ၊ အခြားဌာနဆိုင်ရာခေါင်းဆောင်များစုစုပေါင်း (၅၈)ဦး တက်ရောက် ဆွေးနွေးခဲ့ကြသည်။
ကော်သူးလေ စိုက်ပျိုးရေးမူဝါဒ ဖြည့်စွက်ပြင်ဆင်ခြင်း နီးနှောဖလှယ်ပွဲများအား ဒူးသထူခရိုင်အပြင် အခြား သော ခရိုင်များတွင်လည်းပြုလုပ်ခဲ့ပြီးဖြစ်သည်။