စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ကေအဲန်ယူ-ဒူးသထူခရိုင်၌ ကမ္ဘာ့ငါးလုပ်ငန်းနေ့ အခမ်းအနားကျင်းပ

နိုဝင်ဘာလ (၂၅) ရက်၊ ၂၀၂၄ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
ကေအဲန်ယူ-သထုံခရိုင်တွင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၂၁) ရက်နေ့၌ ကော်သူးလေ မွေးမြူရေးနှင့်ရေလုပ်ငန်း ဌာနမှ ဦးဆောင်ပြီး ကမ္ဘာ့ငါးလုပ်ငန်းနေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကမ္ဘာ့ငါးလုပ်ငန်းနေ့ဖြစ်ပေါ်လာပုံ ရည်ရွယ်ချက်များအပြင် ငါးမျိုးစိတ်များ မျိုးသုဉ်း မသွားရန်၊ မိရိုးဖလာ ငါးဖမ်းနည်းများအား ပြန်လည် ဖော်ထုတ်အသုံးပြုရန် စသည့် ပညာပေး Video များ အား ပြသခဲ့သည်။
ထို့အပြင် အခမ်းအနားတွင် ခရိုင်၊ မြို့နယ်မွေးမြူရေးနှင့် ရေလုပ်ငန်းဌာန၏ ရှေ့လုပ်ငန်းစဉ်များနှင့် ဌာနမှ လုပ်ငန်းအကောင်ထည်ဖော်မှု မှတ်တမ်းဓါတ်ပုံများ၊ ကရင်လူမျိုးများ၏ မိရိုးဖလာ ငါးဖမ်းကိရိယာများကို လည်း ခင်းကျင်းပြသထားပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား အမှတ်တရလက်ဆောင် ပေးအပ်ခြင်းအစီအစဉ်များလည်းပါဝင်သည်။
ကမ္ဘာ့ငါးလုပ်ငန်းနေ့အခမ်းအနားအား ကေအဲန်ယူ-သထုံခရိုင် မွေးမြူရေးနှင့် ရေလုပ်ငန်းဌာနမှ ဦးဆောင် ကျင်းပပြီး KESAN မှပူးပေါင်းပါဝင်ကူညီ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။