စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ကေအဲန်ယူ-တပ်မဟာ(၁) ဒူးသထူခရိုင်၌ အုပ်ချုပ်ရေးခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ပြည်သူ့ရေးရာဝန်ဆောင်မှု သင်တန်းဆင်းပွဲကျင်းပပြုလုပ်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၉)ရက်၊ ကေအဲန်ယူ-ဗဟို။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင်မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း အုပ်ချုပ်ရေးခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ပြည်သူ့ရေးရာ ဝန်ဆောင်မှု သင်တန်းအား ကျင်းပပြုလုပ်ပြီးစီးခဲ့သည်။
သင်တန်းသည် အနာဂါတ်ကော်သူးလေအစိုးရတွင် အုပ်ချုပ်ရေးယန္တရားများကို ကောင်းမွန်စွာ လည်ပတ်နိုင်စေရန်နှင့် ပြည်သူများ၏ လိုအပ်ချက်များကို ဝန်ဆောင်မှုပေးသော ကောင်းမွန်သောကော်သူးလေအစိုးရတစ်ရပ် ပေါ်ပေါက်လာစေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
သင်တန်းသို့ ခရိုင်အဆင့် ဌာနဆိုင်ရာ ခေါင်းဆောင်များ ၊မြို့နယ်အသီးသီးမှခေါင်းဆောင်များ၊ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များ စုစုပေါင်း လူဦးရေ (၇၀)ကျော် တက်ရောက်ခဲ့ကြသည်။
အဆိုပါသင်တန်းအား နိုဝင်ဘာလ (၄) ရက်နေ့မှ (၁၄)ရက်နေ့ထိ ကျင်းပခဲ့ပြီး (၁၅) ရက်နေ့တွင် သင်တန်းဆင်းလက်မှတ် ပေးအပ်ချီးမြင့်ခဲ့ခြင်းဖြစ်သည်။