စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ခလယ်လွီထူခရိုင်၌ လယ်ယာစိုက်ပျိုးရေးဌာနမှ မြေတိုင်းခြင်း နှင့် မြေယာမှတ်ပုံတင်ခြင်းဆိုင်ရာ မွမ်းမံသင်တန်းအားပြုလုပ်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်၊ ကေအဲန်ယူ-ဗဟို။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်တွင် ၂၀၂၄ခုနှစ် နိုဝင်ဘာ(၁၁)ရက်နေ့မှ (၁၆)ရက်နေ့အထိ ခရိုင်လယ်ယာစိုက်ပျိုးရေးဌာနမှဦးဆောင်၍ မြေတိုင်းခြင်း နှင့် မြေယာမှတ်ပုံတင်ခြင်းဆိုင်ရာ မွမ်းမံရက်တိုသင်တန်းအား ပြုလုပ်ကျင်းပခဲ့သည်။
သင်တန်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်မှာ ဒေသခံဌာနေ ပြည်သူလူထုများ၏မြေယာဆုံးရှုံးမှုများကို ပြန်လည်ရရှိစေရန်၊ ပြည်သူ့အုပ်ချုပ်မှုနှင့် ရိုရာဓလေ့မြေယာပိုင်ဆိုင်မှု၊ အခွင့်အရေးများ၊ အသိအမှတ်ပြုမှု၊ အာမခံချက်ရရှိစေရန် ရည်ရွယ်ပြီး ဤ သင်တန်းအားပြုလုပ်ရခြင်းဖြစ်သည်။
သင်တန်းပြုလုပ်ရာတွင် ကျေးရွာအဆင့် မြေယာကော်မတီ ကိုယ်စားလှယ်များ၊ မူး၊ လယ်ဒို၊ ဆောထိ မြို့နယ်(၃)ခုရှိ မြေယာကော်မတီများနှင့် ရုံးလုပ်သားများစုစုပေါင်း(၁၇)ဦး ပါဝင်တက်ရောက်ခဲ့သည်။