စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

KYO ကရင်လူငယ်အစည်းအရုံး (ဗဟို) မှ ဦးဆောင်၍ (Ethnic Youth Exchange) လူငယ်နှီးနှော ဖလှယ် ပွဲအား ဒူးပလာယာခရိုင်တွင် ပြုလုပ်

ဖေဖော်ဝါရီလ ၂၀ ရက်၊ ၂၀၂၅ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေချုပ်နယ်မြေ ဒူးပလာယာခရိုင်အတွင်း၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁၇) ရက်နေ့ နှင့် ၁၈ ရက်နေ့အတွင်း KYO ကရင်လူငယ် အစည်းအရုံး (ဗဟို)မှ ဦးဆောင်၍ ခရိုင်တာဝန်ရှိခေါင်းဆောင်များ၊ KYO ကရင်လူငယ်အစည်းအရုံး ဗဟို၊ ခရိုင် နှင့် ဒူးပလာယာခရိုင် အတွင်းရှိ မြို့နယ်အသီးသီးမှ KYO ကရင်လူငယ်အစည်းအရုံး တာဝန်ရှိ ကိုယ်စားလှယ် များ၊ ကေအဲန်ယူ - ဒူးပလာယာခရိုင်အတွင်းရှိ တိုင်းရင်းသား လူမျိုးစု လူငယ်ကိုယ်စားလှယ်များ၊ ခရိုင်မှ ဌာနဆိုင်ရာ တာဝန်ရှိ ကိုယ်စားလှယ်များ စုပေါင်းပြုလုပ်ခဲ့သည်။
(Ethnic Youth Exchange) လူငယ်နှီးနှောဖလှယ်ပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်သည် ဒေသတွင်း လူငယ်များ ချစ်ကြည်ရင်းနှီးလျှက် ပိုမိုကောင်းမွန်သော ပေါင်းသင်းဆက်ဆံရေးများ ရရှိလာစေရန်၊ ဒေသတွင်း လူငယ်များ အတူတကွ လက်တွဲပူးပေါင်းလုပ်ဆောင်နိုင်မည့် လှုပ်ရှားမှုယန္တရားများကို ဖော်ထုတ်နိုင်ရန်၊ ဒေသတွင်း လူထုဖွံ့ဖြိုးတိုးတက်ရေးကို မျှော်ရည်သော ရှေ့လုပ်ငန်းစဥ်များ ဆွေးနွေး ချမှတ် အကောင်အထည်ဖော်သွားနိုင်ရန်၊ လူငယ်များ သိရှိနားလည်သင့်သည့် လက်ရှိနိုင်ငံရေးရုန်းကန် လှုပ်ရှားမှု အခြေအနေများကို မျှဝေဖလှယ်ပေးနိုင်ရန်၊ လူငယ်အစုအဖွဲ့များအသီးသီး၏ လှုပ်ရှား ဆောင်ရွက်မှုများထဲမှ မျှဝေဖလှယ်ပေးသင့်သည့် အရာများကို အချင်းချင်းမျှဝေပေးနိုင်ရန် နှင့် လူငယ် အများစု ရင်ဆိုင်ကြုံတွေ့နေရသည့် လူမှုဘဝအခက်အခဲများကို ထုတ်ဖော်ပြီး ဝိုင်းဝန်းနည်းလမ်းရှာ လမ်းညွန်ပံ့ပိုးပေးနိုင်ရန် စသည့် ရည်ရွယ်ချက်များ ဖြစ်ပြီး တိုးတက်သော မွန်လူငယ်များအစည်းအရုံးမှ ကိုယ်စားလှယ်များ၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ မှ ကိုယ်စားလှယ်များ၊ မော်လမြိုင်ကျောင်းသားများ သမဂ္ဂ မှ ကိုယ်စားလှယ်များ၊ ကြာအင်းဆိပ်ကြီးမြို့နယ်လုံးဆိုင်ရာ နွေဦးတော်လှန်ရေးသပိတ်ကော်မတီ မှ ကိုယ်စားလှယ်များ၊ ဒူးပလာယာခရိုင်ရှိ မြို့နယ်အသီးသီးမှ လူမျိုးစု လူငယ်ကိုယ်စားလှယ်များ နှင့် KYO ကရင်လူငယ်အစည်းအရုံး ဗဟို/ခရိုင်/မြို့နယ် မှ ကိုယ်စားလှယ်များ စသည့် လူငယ်ကိုယ်စားလှယ် စုစုပေါင်း (၈၀) ကျော် တက်ရောက်ခဲ့သည်။