ဖေဖော်ဝါရီလ (၁၀) ရက်၊ ၂၀၂၅ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
ကေအဲန်ယူ−ကရင်အမျိုးလားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မြိတ်ထားဝယ်ခရိုင်၊ လယ်ဒိုစိုး မြို့နယ်၌ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၈ရက်နေ့ မှ ၉ရက်နေ့ အထိ လယ်ဒိုစိုးမြို့နယ် ကရင်လူငယ်အစည်းအရုံး ၏ (၄) ကြိမ်မြောက် ကွန်ကရက်ပြုလုပ်ကျင်းပပြီးခဲ့ပါသည်။
ဤကွန်ကရက်သို့ မြိတ်ထားဝယ်ခရိုင် ကရင်လူငယ်အစည်းအရုံး ဥက္ကဌ ပဒိုစောအယ်ကလိုးစိုး နှင့် အတွင်း ရေးမှူး ဆရာစောအယ်ထီးကော်၊ လယ်ဒိုစိုးမြို့နယ် ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး ခေါင်းဆောင် များဖြစ်သော မြို့နယ်အတွင်းရေးမှူးပဒိုစောအာကာလင်း နှင့် တွဲဘက်အတွင်းရေးမှူး ပဒိုစောဆာမျိုးမျိုး၊ မြို့နယ်ကရင်အမျိုးသမီးအစည်းအရုံးဥက္ကဌပဒိုနောထီးမူးဖော၊ တိုက်နယ်အသီးသီးမှ ကျေးရွာကရင်လူငယ် ကိုယ်စားလှယ်များအားလုံး (၇၀) ကျော်တက်ရောက်ခဲ့ပါတယ်။ ကွန်ကရက်တွင် မြို့နယ်ကရင်လူငယ်အစည်းအရုံး အစီရင်ခံစာများ တိုက်နယ်အသီးသီးမှအစီရင်ခံစာများ အပြန်အလှန်သုံးသပ်မှုများပြုလုပ်ခဲ့ပြီး တက်ရောက်လာသော ကိုယ်စားလှယ်များမှ ဝိုင်းဝန်းဆွေးနွေးကာ မြို့နယ်ကရင်လူငယ်အစည်းအရုံး၏ရှေ့လုပ်ငန်းစဥ်ကိုလည်းချမှတ်နိုင်ခဲ့ပါသည်။
လယ်ဒိုစိုးမြို့နယ်ကရင်လူငယ်အစည်းအရုံး အလုပ်မှုဆောင်ကော်မတီ (၇)ဦး ကိုလည်း အောက်ပါ်အတိုင်း အောင်မြင်စွာရွေးချယ်နိုင်ခဲ့ပါသည်။
၁။ စောဒိုးဒိုအား - ဥက္ကဌ
၂။ စောရီမဲဘာ - အတွင်းရေးမှူး
၃။ စောဘာဆိုဂေး - လူမှုရေးတာဝန်ခံ
၄။ စောအယ်ဒိုစေးဝါး - စည်းရုံးရေးနှင့်ပြန်ကြားရေးတာဝန်ခံ
၅။ စောမိုးဝေထူး - သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် လူမှုဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေး တာဝန်ခံ
၆။ နော်နိုဝင်ဘာထူး - စာရေးစစ်တာဝန်ခံ
၇။ နော်မေဇော်ဦး - ဘဏ္ဍာရေးတာဝန်ခံ