စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

မြိတ်ထားဝယ်ခရိုင် ကရင်လူငယ်အစည်းအရုံးနှင့် ကစယ်ဒိုမြို့နယ် ကေအဲန်ယူခေါင်းဆောင်များ စုပေါင်း ဦးဆောင်ပြီး ခေါင်းဆောင်မှုသင်တန်းပြုလုပ်ကျင်းပပြီးစီး

ဇန်နဝါရီလ (၃၁)ရက်နေ့၊ ၂၀၂၅ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်နေ့မှ (၃၀) ရက်နေ့အထိ မြိတ်ထားဝယ်ခရိုင်ကရင်လူငယ်အစည်းရုံးနှင့် ကစယ်ဒိုမြို့နယ်ကေအဲန်ယူခေါင်းဆောင်များ စုပေါင်းဦးဆောင်ပြီး ခေါင်းဆောင်မှုသင်တန်းပြုလုပ်ကျင်းပ ခဲ့ပါသည်။
ဤသင်တန်းဖွင့်ပွဲတွင် မြိတ်ထားဝယ်ခရိုင် ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ပဒိုစောဖလိုးစိုးဝေး တက်ရောက်တိုက်တွန်းအားပေးစကားပြောကြားခဲပါသည်။
ဤသင်တန်းတွင် မြို့နယ်အမြဲတမ်းကော်မတီဝင်များ၊ မြို့နယ်ဌာနဆိုင်ရာခေါင်းဆောင်များ၊ မြို့နယ်အတွင်း ရှိ ကျေးရွာပေါင်း (၁၂)ရွာ ကျေးရွာကော်မတီများနှင့်ကျေးရွာကရင်လူငယ်ခေါင်းဆောင်များ စုစုပေါင်း (၇၀) ကျော် တက်ရောက်ခဲ့ပါသည်။
ဤသင်တန်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်မှာ မြို့နယ်အတွင်းရှိဦးဆောင်နေတဲ့ မြို့နယ်ခေါင်းဆောင်များ၊ မြို့နယ်ဌာနဆိုင်ရာခေါင်းဆောင်များ၊ ကျေးရွာခေါင်းဆောင်များ လက်ရှိနိုင်ငံရေးအခြေနေသိရှိနားလည်ရန်၊ ခေါင်းဆောင်မှုစွမ်းရည်မြင့်တင်ပေးရန်၊ စုပေါင်းခေါင်းဆောင်မှုအား‌ကောင်းလာရန်၊ ကော်သူလေးဥပေဒေ ဆိုင်ရာ ကြောင်းအရာသိရှိနားလည်ရန် ဖြစ်သည်။
ဤသင်တန်း‌(၁၀)ရက်အတွင်း သင်ကြားခဲ့သည့်ဘာသာရပ်များမှာ
၁။ ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး၏ ဖွဲ့စည်းပုံအခြခံဥပဒေနှင့်နည်းဥပဒေ။
၂။ ကရင်အမျိုးသားတော်လှန်ရေးလမ်းစဥ်နှင့် ရှေ့လုပ်ငန်းစဉ်။
၃။ လက်ရှိနိုင်ငံရေးလမ်းစဥ်နှင့် လုပ်ငန်စဥ်များ။
၄။ ကော်သူလေး ရာဇဝတ်ကျင့်ထုံးဥပဒေ။
၅။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအထူးအက်ဥပဒေများ။
၆။ Leadership and management
၇။ Federal တို့ဖြစ်သည်။