စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

မူတြော်ခရိုင်၌ (၁၁) ကြိမ်မြောက် ကရင်လူငယ်အစည်းအရုံးကွန်ဂရက် (Congress) ကျင်းပ။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်၊ ကေအဲန်ယူ-ဗဟို။
ကေအန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၌ (၁၁) ကြိမ်မြောက် ကရင်လူငယ်အစည်းအရုံး ကွန်ဂရက်အစည်းအဝေးအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ၊ ၁၄ ရက်မှ ၁၅ ရက်နေ့အထိ နှစ်ရက်ကြာ မူတြော်ခရိုင်၊ လူသောမြို့နယ်၊ ပေးကေးကျေးရွာအုပ်စုတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကရင်လူငယ်အစည်းအရုံး ကွန်ဂရက်အစည်းအဝေးတွင် ခရိုင်အတွင်းရှိ မြို့နယ်သုံးခုမှ ရွေးကောက်ကိုယ်စားလှယ်များ၊ အီးတူထာနေရပ်ရွှေ့ပြောင်း နေထိုင်သူစခန်းမှ လူငယ်ကိုယ်စားလှယ်များ၊ ခရိုင်စစ်ဘက်ဆိုင်ရာ လူငယ်ကိုယ်စားလှယ်များ အမျိုးသမီး (၃၆) ဦးနှင့် အမျိုးသား (၄၅) ဦး စုစုပေါင်း (၈၁) ဦး ပါဝင်တက်ရောက်ခဲ့ကြသည်။ ထို့ပြင် မူတြော်ခရိုင် ကရင်လူငယ်အစည်းအရုံး၏ ဥက္ကဌအဖြစ် စောသေးလာထူး၊ ဒုဥက္ကဌအဖြစ် နော်ဖောလားဟေး၊ အတွင်းရေးမှူးအဖြစ် စောနသဲနေယယ်စေး၊ တွဲဖက်အတွင်းရေးမှူးအဖြစ် စောအယ်သာဖွီး နှင့် အလုပ်မှုဆောင် ကော်မတီဝင် (၉)ဦးတို့အား အစည်းအဝေး၏ လျှို့ဝှက်မဲခွဲဆုံးဖြတ်ချက်ဖြင့် ရွေးကောက်တင်မြောက်ခဲ့ကြသည်။
ချမှတ်ထားသည့် မူဝါဒလမ်းစဥ်အတိုင်း ဗဟိုကရင်လူငယ်အစည်းအရုံးမှ ခေါင်းဆောင်များနှင့် ခရိုင်၊ တပ်မဟာ ခေါင်းဆောင်တို့၏ ဦးဆောင်မှုဖြင့် မူတြော်ခရိုင်ကွန်ဂရက်ကို ကျင်းပပြုလုပ်ခဲ့ပြီး ဗဟိုကရင်လူငယ်အစည်းအရုံးမှ ပဒိုစောလယ်နယ် (ဗဟိုကရင်လူငယ်အစည်းအရုံး ဥက္ကဌ) နှင့် စောဆဲခူကော် (ဗဟိုကရင်လူငယ်အစည်းအရုံး ဒုဥက္ကဌ) တို့ လည်းတက်ရောက်အားပေးခဲ့ကြသည်။