စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ဌာနများ

ကော်သူးလေ စိုက်ပျိုးရေးဌာနမှ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျှောညီထွေစွာစိုက်ပျိုးခြင်း (၆) လ တာ သင်တန်းဆင်းပွဲအခမ်းအနားပြုလုပ်

ဇန်နဝါရီလ (၉) ရက်၊ ၂၀၂၅ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
ကော်သူးလေးစိုက်ပျိုးရေးဌာနမှ ၂၀၂၄ ခုနှစ် တွင် (၁၂) ကြိမ်မြောက် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျှောညီထွေစွာစိုက်ပျိုးခြင်း (၆) လတာသင်တန်း ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကာ သင်တန်းသို့ ခရိုင်ခြောက်ခုမှ ကိုယ်စားလှယ် အမျိုးသား (၁၇) ဦး နှင့် အမျိုးသမီး (၅) ဦးစုစုပေါင်း (၂၂) ဦး ပါဝင်တက်ရောက်ခဲ့ပြီး ကော်သူးလေ စိုက်ပျိုးရေးဌာနအနေဖြင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေး အလေ့အထများ အတွက် မှတ်တိုင်သစ်တစ်ခုကို ထပ်မံ စိုက်ထူနိုင်ခဲ့သည်။
သင်တန်းဆင်းပွဲ့ အခမ်းအနားအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် အီီီီီီးတူထာ ကော်သူးလေ စိုက်ပျိုးရေးဌာန သင်တန်းစင်တာ၌ ကျင်းပပြုလုပ်ခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားသို့ ကော်သူးလေ စိုက်ပျိုးရေးဌာန (ဗဟို) ၏ ဌာနမှူး ပဒိုလေ့စေ အပါအဝင် ခရိုင်ရှိ တာဝန်ရှိခေါင်းဆောင်များ တက်ရောက် ဂုဏ်ပြုပေးခဲ့ကြသည်။