စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

လေကြောင်းတိုက်ခိုက်မှု နှင့် အကြောက်တရားများကြားမှ ဝင်းရေးမြို့နယ် ကရင်ပညာရေးနှင့် ယဉ်ကျေးမှု ဌာန၏ ကော်သူးလေ အစိုးရစစ် စာမေးပွဲအား ဖြေဆိုပြီးစီး

မတ်လ (၂၂) ရက်၊ ၂၀၂၅ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
ကေအဲန်ယူ−ကရင်အမျိူးသားအစည်းအရုံး အုပ်ချုပ်နယ်မြေများတွင် အကြမ်းဖက် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများရှိနေသော်လည်း ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်တွင် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန၏ ကော်သူးလေ အစိုးရစစ် စာမေးပွဲကို တာဝန်ရှိခေါင်းဆောင်များနှင့် ကျောင်းဆရာ ဆရာမများ၏ ပူးပေါင်းဆောင်ရွှက်မှုဖြင့် ၂၀၂၅ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် အောင်မြင်စွာဖြင့် ဖြေဆိုပြီးစီး ခဲ့သည်။
အဆိုပါ ကော်သူးလေ အစိုးရစစ် စာမေးပွဲအား Karen Education Culture Department (KECD) Grade - 6,9,12 စသည့် အတန်းပညာရေးကျောင်းသား ကျောင်းသူများမှ နှစ်စဉ်နှစ်တိုင်းဖြေဆိုရခြင်း ဖြစ်သည်။