စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

လေကြောင်းတိုက်ခိုက်မှုများ ရှိနေသော်လည်း ကော့ကရိတ်မြို့နယ် ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန ၏ ကော်သူးလေ အစိုးရစစ် စာမေးပွဲအား အန္တာရယ်များကြားမှ ဖြေဆိုပြီးစီး။

မတ်လ (၂၄) ရက်၊ ၂၀၂၅ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
ကေအဲန်ယူ−ကရင်အမျိူးသားအစည်းအရုံး ထိန်းချုပ်နယ်မြေများတွင် အဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ နေရာအနံ့ရှိနေသလို ဒူးပလာယာခရိုင်ရှိ ကော့ကရိတ် မြို့နယ်သည်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ ထိန်းချုပ်ထားသော အာရှလမ်းမကြီးအား ပြန်လည် ထိန်းချုပ်နိုင်ရန် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ လူအင်အား၊ လက်နက်အင်အား များစွာဖြည့်တင်း၍ မြေပြင်မှ လက်နက်ကြီးများဖြင့် သော်လည်းကောင်း၊ ဝေဟင်မှ အဆင့်မြင့် ဒရုန်းများနှင့် လေယာဥ်များဖြင့် သော်လည်းကောင်း နေရာအနံ့ နေစဥ်နှင့်အမျှ ပစ်ခတ်လျှက်ရှိသည်။

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုများကြောင့် အပြစ်မဲ့ ပြည်သူများလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် နေထိုင်ကြရသလို ကော့ကရိတ်မြို့နယ် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန၏ ကော်သူးလေ အစိုးရ ပညာသင်ကျောင်းကိုလည်း ကလေးလူငယ်များ၏ အနာဂါတ်ဘဝ နှင့် ပညာရေးအတွက် စစ်ဘေးစစ်ဒဏ်များအကြား ခက်ခဲစွာ သင်ယူလေ့လာခဲ့ရပြီး ကော်သူးလေ အစိုးရစစ် စာမေးပွဲကိုလည်း တာဝန်ရှိခေါင်းဆောင်များနှင့် ကျောင်းဆရာ/မများ၏ ပူးပေါင်း ဆောင်ရွှက်မှုဖြင့် မတ်လ ၁၄ ရက်နေ့တွင် သစ်ပင် ဝါးပင်များအကြား အောင်မြင်စွာ ဖြေဆို ပြီးစီး ခဲ့သည်။