စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ဒူးသထူခရိုင်ကရင်လူငယ်အစည်းအရုံး-KYOမှ (၇) ကြိမ်မြောက် ကွန်ကရက်အပြီး ဒုတိယအကြိမ်နှစ်ပတ်လည် အစည်းအဝေးပြုလုပ်ပြီးစီး

၂၀၂၅ ခုနှစ်၊ဧပြီလ (၃) ရက်၊ ကေအဲန်ယူ- ဗဟို။
ကေအဲန်ယူ-ဒူးသထူခရိုင်တွင် (ကရင်လူငယ်အစည်းအရုံး-KYO) မှ (၇) ကြိမ်မြောက်ကွန်ကရက် အပြီး (၂)ကြိမ်မြောက် နှစ်ချုပ်အစည်းအဝေးတစ်ရပ်အား ၂၀၂၅ခုနှစ်၊ မတ်လ (၂၂)ရက်နေ့မှ (၂၄)ရက်နေ့အထိ (၄)ရက်တာ ကျင်းပပြုလုပ်ပြီးစီးခဲ့သည်။
နှစ်ချုပ်အစည်းအဝေးတွင် ကော်သူးလေနယ်မြေရှိ လူငယ်များ နိုင်ငံရေး၊ လှုမှုဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအပြင် မိမိခရိုင် ကရင်လူငယ်အစည်းရုံး၏ မပြီးပြတ်ခဲ့သေးသော လုပ်ငန်းစဥ်များပါဝင်သောအကြောင်းအရာများအား ဆွေးနွေးတိုင်ပင်ခဲ့ပြီး ရှေ့ဆက်လုပ်ဆောင်ရန်အတွက် လည်း လုပ်ငန်းစဥ် မှတ်တမ်း (၁)ချက်၊ သဘောထား (၂)ချက်နှင့် ဆုံးဖြတ်ချက် (၁၀)ချက်တို့အား ချမှတ်နိုင်ခဲ့သည်။
ထိုအစည်းအဝေးသို့ KYOအကြံပေး ခရိုင်ခေါင်းဆောင်များ၊ ခရိုင်နှင့် မြို့နယ် (၅)ခုရှိ ကရင်လူငယ်အစည်းအရုံးမှတာဝန်ရှိလူငယ်ခေါင်းဆောင်များ စုစုပေါင်း လူဦးရေ (၂၄)ဦး တက်ရောက်ခဲ့သည်။