စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ကေအဲန်ယူ-ဒူးသထူခရိုင် ခရိုင်ဥက္ကဌဟောင်း ပဒိုစောကိုလေး၏ ဈာပနအခမ်းအနား

ဧပြီလ (၁၄) ရက်၊ ၂၀၂၅ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
ကေအဲန်ယူ−ဒူးသထူခရိုင်၏ ခရိုင် ဥက္ကဌဟောင်း ခေါင်းဆောင်ကြီး ပဒိုစောကိုလေးသည် (၁၉၄၉) ခုနှစ် အောက်တိုဘာလ (၃၀) ရက်နေ့တွင် မွေးဖွားခဲ့ပြီး ၂၀၂၅ခုနှစ် ဧပြီလ (၇) ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။
ဥက္ကဌဟောင်း ပဒိုစောကိုလေး၏ ဈာပန အခမ်းအနားကို (၂၀၂၅) ခုနှစ် ဧပြီလ (၉) ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပြီး ဈာပနအခမ်းအနားသို့ ခရိုင်ခေါင်းဆောင်များ၊ တပ်ပိုင်းဆိုင်ရာခေါင်းဆောင်များနှင့် ပြည်သူလူထုများ လူဦးရေ စုစုပေါင်း (၂၀၀) ကျော် တက်ရောက် ဂုဏ်ပြုခဲ့ကြသည်။
ခေါင်းဆောင်ကြီး ပဒိုစောကိုလေးသည် (၁၉၇၂) ခုနှစ်မှစ၍ တော်လှန်ရေးတွင် ဘီးလင်းမြို့နယ် မြို့နယ်ဒုတိယပညာရေးမှူးအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ ပဒိုစောကိုလေးသည် တာဝန်များကို ဆက်လက်ထမ်းဆောင်နေရင်း ခရိုင် ဒုတိယ ပညာရေးမှူးမှ ခရိုင်ပညာရေးမှူး သို့ရာထူးတိုးမြှင့်ခံခဲ့ရသည်။ (၁၉၈၆) ခုနှစ် မှ (၁၉၉၈) ခုနှစ် အထိ ခရိုင်တွဲဖက်အတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့ရပြီး (၁၉၉၉) ခုနှစ် မှ (၂၀၁၇) ခုနှစ်ထိ ခရိုင်အတွင်းရေးမှူးတာဝန်ထမ်းဆောင်ခဲ့သည်။ ဥက္ကဌဟောင်း ပဒိုစောကိုလေး သည် (၂၀၁၈) ခုနှစ် မှ (၂၀၂၂)ခုနှစ်ထိ ခရိုင်ဥက္ကဌ တာဝန်ကိုထမ်းဆောင်ခဲ့သည်။ (၂၀၂၂) ခုနှစ် နောက်ပိုင်းတွင် ခရိုင်အကြံပေးခေါင်းဆောင်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့ကာ ကွယ်လွန်သည် အထိ တောင်လှန်ရေး သက်တမ်း (၅၃)နှစ် ရှိခဲ့ပြီဖြစ်သည်။