စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ကရင်ကျောင်းသားများကွန်ရက်အဖွဲ့ (KSNG) ၏ ၂၃ နှစ်ပြည့် အစီအစဉ်

ကရင်ကျောင်းသားများ ကွန်ရက်အဖွဲ့ ၏ ၂၃ နှစ်ပြည့် အစီအစဉ်အား ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ သေဘောဘိုးကျေးရွာ၌ အောင်မြင်စွာ ကျင်းပခဲ့ပါသည်။

အစီအစဉ်အရ ကရင်ကျောင်းသားများ ကွန်ရက်အဖွဲ့၏ သဝဏ်လွှာကို တောနော်အဖွဲ့ခေါင်းဆောင် ဆရာမနော်ကယိုခူ မှ ဖတ်ကြားပြီး ကရင်ကျောင်းသားများကွန်ရက်အဖွဲ့၊ ဗဟို ၏ ရုံးတာဝန်ခံ နော်ချိုကို မှ အဖွဲ့အကြောင်းကို မိတ်ဆက်ပြောကြားခဲ့ပါသည်။ ထို့နောက် ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ ဆုရသူများကို ဆုချီးမြင့်ပေးခဲ့ပါသည်။

ဆက်လက်ပြီး ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ စည်းရုံးရေးနှင့်ပြန်ကြားရေးဌာန၏ တွဲဘက်အတွင်းရေးမှူး စောဂျက်ပစီ၊ ကရင်အမျိုးသမီးအစည်းအရုံး(ဗဟို) မှ ဆရာမ နော်စေးလာဝါး၊ ကော့ကရိတ်မြို့နယ်၊ ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန ၏ အတွင်းရေးမှူး တီးဒါးမြင့်သန်းလာ့ဂေး၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် မှ ဗိုလ်မှူးစောဖားဘလယ်၊ သေ့ဘောဘိုးကျေးရွာအုပ်ချုပ်ရေးမှူး တီးစောထူးကမော်ဝါး၊ သေ့ဘောဘိုးကျေးရွာ ဥက္ကဌ တီးစောလားဒို တို့မှ တက်ရောက် အားပေး လမ်းညွန်စကားများ ပြောကြားခဲ့ပါသည်။

ကျောင်းဆရာ/ဆရာမများ၊ ကျောင်းသူကျောင်းသားများ၊ ရပ်မိရပ်ဖများ၊ ခေါင်းဆောင်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၁၄၀) ဦးခန့် ပါဝင်ဂုဏ်ပြု တက်ရောက်ချီးမြင့် ခဲ့ကြပါသည်။

အစီအစဉ်အပြီးတွင် ကရင်ကျောင်းသားများကွန်ရက်အဖွဲ့ ၏ ၂၃ နှစ်ပြည့် လကို ဂုတ်ပြုသောအားဖြင့် ကျောင်းသူကျောင်းသားများ နှင့် ဆရာဆရာမများ က စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေး ပြုလုပ်ခဲ့ကြပါသည်။

၂၀၁၉ ဇူလိုင်လ ၆ ရက်