စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ငြိမ်းချမ်းရေးဆိုင်ရာ လူထု နှင့် တွေ့ဆုံ ဆွေးနွေးပွဲ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ၏ ဖားအံခရိုင်-ဆက်ဆံရေးရုံး (မြဝတီ) မှ ဦးဆောင်ကာ ဒေသခံ မိဘပြည်သူများ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ပိုမိုနားလည်သိရှိစေရန် ရည်ရွယ်၍ လူထုတွေ့ဆုံပွဲ တစ်ရပ်ကို နောင်တပွဲကျေးရွာ၊တနေးခြား ( နဘူး)မြို့နယ်၊ ဖားအံခရိုင်၊ ကော်သူးလေ တွင် ကျင်းပ ခဲ့ပါသည်။ ထိုဆွေးနွေးပွဲသို့ ကျေးရွာအုပ်စု (၂၀) ကျော်မှ မိဘပြည်သူ ဦးရေ (၄၀၀) ကျော် တက်ရောက်ခဲ့ပါသည်။

ဆွေးနွေးပွဲ အစီအစဉ်အရ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တနေးခြား(နဘူး)မြို့နယ်၊ ဥက္ကဋ္ဌ ပဒိုစောသာ့စော မှ အဖွင့်အမှာစကား ပြောကြားပြီး၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၇)၊ ဆက်ဆံရေးရုံး၊ တာဝန်ခံ ပဒိုမန်းပန်းသီ မှ ဆက်ဆံရေးရုံးများ ၏ တာဝန်၊ ဝတ္တရား နှင့် လှုပ်ရှားဆောင်ရွက်မှုများ ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ 

ထို့အတူ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဗဟို ၏ အလုပ်အမှုဆောင်ကော်မတီဝင်များ ဖြစ်ကြသော ပဒိုစောသမိန်ထွန်း မှ ကရင့်သမိုင်း နှင့် ကရင့်တော်လှန်ရေး သမိုင်း အကျဉ်းကို ပြောကြားခဲ့ပြီး၊ကေအဲန်ယူဗဟို တွဲဘက်အထွေထွေအတွင်း ရေးမှူး (၂)၊ ပဒိုစောလှထွန်း မှ လက်ရှိနိုင်ငံရေးဆွေးနွေးပွဲများ အခင်းအကျင်း အခြေအနေ နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဆင့်ဆင့် တို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ 

တက်ရောက်လာသော မိဘပြည်သူများ မှ ပိုမိုသိရှိ လိုသည်များ ကို အပြန်အလှန် မေးမြန်း ဖြေကြားခြင်း များ ပြုလုပ်ပြီး မြို့နယ်ဥက္ကဋ္ဌ ပဒိုစောသာ့စော မှ နှုတ်ဆက်အားပေးစကား ပြောကြားပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ပါသည်။

နောင်တပွဲကျေးရွာ၊ တနေးခြား(နဘူး)မြို့နယ်၊ ဖားအံခရိုင်၊ ကော်သူးလေ။
၂၀၁၉ ခုနှစ်၊ ဇွန်လ၊ ၂၆ ရက်