စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး(ဗဟို) ခေါင်းဆောင်များ နှင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တောင်ငူခရိုင်၊ တပ်မဟာ(၂) ခေါင်းဆောင်များ တွေ့ဆုံခြင်း

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး(ဗဟို) ခေါင်းဆောင်များ နှင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တောင်ငူခရိုင်၊ တပ်မဟာ(၂) ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခြင်း တစ်ရပ် ကို တောင်ငူခရိုင်၊ ထိုလွီဝါးကျောင်း ၌ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ၊ ၂၆ ရက် မှ ၂၇ ရက် အထိ (၂) ရက်တာ ကျင်းပပြုလုပ်ခဲ့ပါသည်။



တွေ့ဆုံဆွေးနွေးသူများ အဖြစ် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး (ဗဟို) ဘက်မှ အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး၊ တွဲဘက်အထွေထွေအတွင်းရေးမှူး(၂) ပဒိုစောလှထွန်း၊ နိုင်ငံခြားရေးဌာန တာဝန်ခံ ပဒိုစောတောနီး၊ ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစောဆဲဂေ၊ ဗိုလ်မှူးစောထူးထူးလေ တို့ ဖြစ်ကြပြီး တောင်ငူခရို င် ဘက်မှ ကေအဲန်ယူ ခရိုင် ခေါင်းဆောင်များ၊ တပ်မဟာ(၂) တာဝန်ရှိသူများ တို့ ပါဝင်ခဲ့ ကြပါသည်။


(၂)ရက်တာ တွေ့ဆုံဆွေးနွေးခဲ့သော အကြောင်းအရာများမှာ -


- ငြိမ်းချမ်းရေးဖော်ဆောင်မှု ဖြစ်စဉ် တွင် ရင်ဆိုင်တွေ့ကြုံနေရသည့် အခက်အခဲများ နှင့် လတ်တလော နိုင်ငံရေး အခြေအနေများ၊

- အဲန်စီအေ စာချုပ်တွင် လက်မှတ်ရေးထိုးထားကြသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အတွက် စိန်ခေါ်မှု နှင့် ရင်ဆိုင်ကြုံတွေ့နေရသော အခြေအနေ၊

- လက်မှတ်ရေးထိုးထားခြင်း မရှိသေးသော တိုင်းရင်းသားလက်နက်ကိုင် များ အခြေအနေ၊

- နိုင်ငံရေး နှင့် ဆက်စပ် ဖြစ်ပေါ်လာသည့် ပဋိပက္ခများ ကို ဖြေရှင်းခြင်း၊ အစိုးရ နှင့် တပ်မတော် တို့၏ နိုင်ငံရေး သဘောထားများ အခြေအနေ၊ နိုင်ငံရေးဆွေးနွေးပွဲများ အပေါ်တွင် တပ်မတော် ၏ သဘောထား၊ လက်မှတ်ရေးထိုးထားကြသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ၏ တွေ့ဆုံဆွေးနွေးမှု အခြေအနေ၊ ကေအဲန်ယူ ၏ နိုင်ငံရေး အပေါ် အမြင်သဘောထား နှင့် တောင်းဆိုတိုက်ပွဲဝင်မှု အခြေအနေ၊

- ကေအဲန်ယူ ၏ ကျစ်လစ်ခိုင်မာမှု နှင့် မဟာဗျူဟာ ရေးဆွဲခြင်း များ အပေါ်တွင် တိုင်ပင်ဆွေးနွေး အကြံပြုခြင်း၊

- တောင်ငူခရိုင် ခေါင်းဆောင်များ နှင့် တပ်မဟာ(၂) ခေါင်းဆောင်များ ၏ တောင်ငူခရိုင်အတွင်း ဖြစ်ပေါ်နေသော အခက်အခဲများ၊ စိန်ခေါ်မှုများ ကို တင်ပြဆွေးနွေးခြင်း။

ဆက်လက်ပြီး အထက်ပါ အကြောင်းအရာများ အပေါ် အခြေခံပြီး ခရိုင်များ၊ တပ်မဟာများ အတွက် ပိုမိုကောင်းမွန်သည့် မဟာဗျူဟာများ ကို ရေးဆွဲနိုင်ရန် နှင့် ဖြစ်ပေါ်လာနိုင်သည့် အခက်အခဲများ၊ စိန်ခေါ်မှုများ ကို ဖြေရှင်းနိုင်မည့် နည်းလမ်းများ ကို ဆွေးနွေးတိုင်ပင် ခဲ့ကြပါသည်။


၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ၊ ၂၆-၂၇ ရက်