စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

လက်နက်ကိုင် ပဋိပက္ခအဆုံးသတ်ရန် နှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ခိုင်မာစေရန် အတွက် တပ်မဟာဌာနချုပ်ရှိ တာဝန်ရှိသူများ၊ ရဲဘော်ရဲဘက်များ ကို အဲန်စီအေ သဘောတူညီချက်ပါ အချက်အလက်များအား ရှင်းလင်းပြောကြားဆွေးနွေးခြင်း

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ၊ ၂ ရက်

လက်နက်ကိုင် ပဋိပက္ခအဆုံးသတ်ရန် နှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ခိုင်မာစေရန် အတွက် တပ်မဟာဌာနချုပ်ရှိ တာဝန်ရှိသူများ၊ ရဲဘော်ရဲဘက်များ ကို အဲန်စီအေ သဘောတူညီချက်ပါ အချက်အလက်များအား ရှင်းလင်းပြောကြားဆွေးနွေးခြင်း အစီအစဉ် တစ်ရပ် ကို ညောင်လေးပင်ခရိုင် တာဝန်ရှိသူများမှ ဦးဆောင်ကာ ကေအဲန်အယ်လ်အေ-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်မဟာ(၃) ဌာနချုပ် တွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ၊ ၂ ရက်နေ့ ၌ ကျင်းပခဲ့ပါသည်။

ဆွေးနွေးပွဲ အစီအစဉ်သို့ တပ်မဟာဌာနချုပ်ရှိ ခေါင်းဆောင်များ၊ ရဲဘော်ရဲမေများ၊ တာဝန်ရှိသူများ စုစုပေါင်း (၇၀) ဦး ခန့် ပါဝင်တက်ရောက်ခဲ့ကြပါသည်။

အစီအစဉ်အရ ဆွေးနွေးပွဲပြုလုပ်ရခြင်း အကြောင်း ကို ဒု-ဗိုလ်မှူးကြီးစောအယ်ကလူဖိုး မှ ရှင်းလင်းပြောကြားခဲ့ပြီး၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ၏ ငြိမ်းချမ်းရေးကြိုးပမ်းလာခဲ့မှု ဖြစ်စဉ်များ ကို ပဒိုစောဘွယ်ဘွဲကျော် (ဆောထိမြို့နယ်) မှ ပြောကြားခဲ့ပါသည်။

ထို့အတူ ကေအဲန်ယူ (ညောင်လေးပင်ခရိုင်) မှ ပဒိုစောဆာဝါး၊ ပဒိုစောဘွယ်ဘွဲကျော် တို့ က ပစ်ခတ်တိုက်ခိုက်မှု ဆိုင်ရာ ကိစ္စရပ်များ ကိုရှင်းလင်းပြောကြားခဲ့ပါသည်။ ကြားကာလ အစီအစဉ် နှင့် ပါတ်သက်၍ ညောင်လေးပင်ခရိုင်၊ အမြဲတမ်းကော်မတီဝင် ပဒိုနော်သောစေး နှင့် မုန်းမြို့နယ်၊ အတွင်းရေးမှူး ပဒိုစောဟူးသော မှ အသိပေးပြောကြား ခဲ့ပါသည်။ နောက်ဆုံးကဏ္ဍ အဖြစ် ဒု-ဗိုလ်မှူးကြီး စောအယ်ကလူဖိုး မှ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် နှင့် မိဘပြည်သူများ ဆက်နွယ်နေပုံ အား ရှင်းလင်းပေးခဲ့ပါသည်။

ဆွေးနွေးပွဲ အစီအစဉ် ကို မေးမြန်ဖြေကြားခြင်း၊ အသိပေးကြေညာခြင်း များ ဖြင့် အဆုံးသတ်ခဲ့ပါသည်။