စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ဌာနများ

သင်ရိုးညွှန်းတမ်း ပြန်လည်သုံးသပ်ခြင်း နှင့် လူမှုသင်ကြားရေးသင်ထောက်ကူ ပြန်လည်သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ လက်အောက်ခံဌာန တစ်ခုဖြစ်သော ပညာရေးနှင့်ယဉ်ကျေးမှုဌာနမှ ဦးဆောင်ကာ သင်ရိုးညွှန်းတမ်း ပြန်လည်သုံးသပ်ခြင်း နှင့် လူမှုသင်ကြားရေးသင်ထောက်ကူ ပြန်လည်သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ ထုတ်ပြန်သတ်မှတ် သင်ကြားခဲ့သော သင်ရိုးညွှန်းတမ်းများကို ပြန်လည်လေ့လာသုံးသပ်ပြီး ပြင်ဆင်မွမ်းမံ သွားရန် ဖြစ်ပါသည်။

 

ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန၊ သင်ရိုးညွှန်းတမ်းရေးဆွဲရေးကော်မတီဝင် ဆရာစောဟေစိုးမှ ယခု အသုံးပြုနေရသော သင်ရိုးညွန်းတမ်းများမှာ နှစ်အတန် ကြာခဲ့ပြီဖြစ်သောကြောင့် ပြန်လည်ဆန်းစစ် သုံးသပ်ရန်နှင့် သင်ကြားမှုပုံစံများ ကိုလည်း ပြန်လည်လေ့လာရန် လိုအပ်လာပြီ ဖြစ်ပါသည်ဟု ပြောကြားပါသည်။ ဆွေးနွေးပွဲ ပထမရက်တွင် ဘာသာရပ်တစ်ခုစီ၏ သင်ကြားပို့ချခြင်း ကွဲပြားခြားနားမှု များကို အုပ်စုဖွဲ့ ဆွေးနွေးခြင်းနှင့် ဒုတိယရက်တွင် သင်ရိုးညွှန်းတမ်းများထဲမှ သင်ကြားပို့ချပေးသည့် သင်ခန်းစာများကို ပြန်လည်သုံးသပ် လေ့လာခဲ့ကြကြောင်း ဆက်လက်ပြောကြားသွားပါသည်။

ယခုကဲ့သို့ ပြန်လည်သုံးသပ်ကြရာတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း စသည်ဖြင့် သင်ရိုးညွှန်းတမ်း အားလုံးပါဝင်ခဲ့ပါသည်။ တာဝန်ရှိသူများ၊ ခေါင်းဆောင်များတို့မှ ကရင့်ပညာရေး အဆင့်အတန်း တိုးတက်မြင့်မားလာစေရန် အကြံပြုချက်များ၊ ထောက်ပြချက်များ၊ ဖြည့်စွက်ချက်များဖြင့် တက်ကြွစွာ ပူးပေါင်း ပါဝင်ခဲ့ကြပါသည်။ ဤအလုပ်ရုံဆွေးနွေးပွဲတွင် ဌာနဝန်ထမ်းများ၊ ခရိုင်နှင့်မြို့နယ် ကျောင်းဆရာ/ဆရာမများနှင့် သက်ဆိုင်ရာခေါင်းဆောင်များ တက်ရောက် အကြံပြု လမ်းညွှန် ပေးခဲ့ကြပါသည်။

သင်ရိုးညွှန်းတမ်း ပြန်လည်သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲအား ၂၉ ရက်၊ မတ်လ၊ ၂၀၁၉ ခုနှစ်မှ စတင်ကာ ၃၁ ရက် နေ့အထိ သုံးရက်တာကို သေ့ဘေ့ထာ၊ ဖားအံခရိုင် တွင် ပြုလုပ်ခဲ့ပါသည်။ ဗဟို ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာနမှ ဦးဆောင်ပြီး တာဝန်ရှိသူများ၊ ခေါင်းဆောင်များ အပါအဝင် စုစုပေါင်း ၅၀ ခန့် တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာနသည် ကရင်လူမျိုးများ ပညာသင်ကြားနိုင်ရန်နှင့် အသိပညာအတတ်ပညာများ တတ်မြောက်ပြီး တိုးတက်မြင့်မားလာစေရန် လှုပ်ရှား ဆောင်ရွက်နေသော ဌာနတစ်ခုဖြစ်ပါသည်။ ထို့အတူ ဘိုးဘေးတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းစောင့်ရှောက်ရန်လည်း ဤဌာနမှ တာဝန်ယူ လုပ်ဆောင်နေပါသည်။