စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ဒူးပလာယာခရိုင်အတွင်း သတင်းမီဒီယာလုပ်ငန်းများအား ကောင်းလာအောင် ဆောင်ရွက်သွားမည်

ကေအဲန်ယူ- ကရင်အမျိုးသားအစည်းရုံး ဒူးပလာယာခရိုင်အတွင်းရှိ ကေအဲန်ယူ အုပ်ချုပ်ရေး စနစ် အောက်တွင်ရှိသည့် ဌာနဆိုင်ရာများ၏ ပြည်သူအတွက် လုပ်ဆောင်နေမှုများ၊ ဒေသအတွင်းရှိ ဖြစ်ပျက်နေသည့် သတင်းအချက်အလက်များအား ခရိုင်အတွင်းရှိ ပြည်သူများ သိရှိနားလည်လာအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စည်းရုံးရေးနှင့် ပြန်ကြားဌာနမှူး ပဒိုစောထူးထူးအဲ့ ကပြောသည်။


ကေအဲန်ယူ ဒူးပလာယာခရိုင် (၁၆) ကြိမ်မြောက်ကွန်ကရက်အပြီး ကျင်းပသည့် စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန ပထမအကြိမ်အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၈ မှ ၂၉ ရက်နေ့အထိဒူးပလာယာခရိုင်ရုံးတွင် ကျင်းပခဲ့သည်။


အစည်းအဝေးတွင် ခရိုင်အတွင်းရှိမြို့နယ်လေးမြို့နယ်မှ စည်းရုံးရေးနှင့် ပြန်ကြားရေးလုပ်ငန်းများ အားကောင်းလာအောင် ဆောင်ရွက်မည့် အစီအစဉ်များ ကဏ္ဍအလိုက်တာဝန်ခွဲဝေမှုများ၊ ပညာပေးရေးနှင့် စည်းရုံးဖွဲ့စည်းရေး ၊ သတင်းနှင့် ပြန်ကြားရေး၊ သုတေသနနှင့် မှတ်တမ်း ၊ KWO – ကရင်အမျိုးသမီးအစည်းအရုံး ၊ KYO -ကရင်လူငယ်အစည်းအရုံး ဆိုင်ရာကိစ္စရပ်များ ကို ဆွေးနွေးခဲ့ကြသည်။


အစည်းအဝေးကို မြို့နယ်လေးမြို့နယ်ရှိ စည်းရုံးရေးနှင့် ပြန်ကြားရေးဌာနမှူးများ တာဝန်ခံများ တက်ရောက်ခဲသည်


ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဖွဲ့စည်းပုံ၏ နယ်မြေအုပ်ချုပ်ရေးစနစ်တွင် စည်းရုံးရေးနှင့်ပြန်ကြားရေးဌာန၊ ကျန်းမာရေးနှင့်ကယ်ဆယ်ရေး ပြန်လည်ထူထောင်ရေးဌာန၊ ပညာရေးနှင့်ယဉ်ကျေးမှုဌာန၊ လယ်ယာစိုက်ပျိုးရေးဌာန၊ သစ်တောဌာန၊ အခွန်နှင့်ဘဏ္ဍာရေးဌာန ၊ သယ်ယူပို့ဆောင်ရေးနှင့်လမ်းပန်းဆက်သွယ်ရေးဌာန၊ မွေးမြူရေးနှင့်ရေလုပ်ငန်းဌာန၊ ကရင်အမျိုးသားရဲတပ်ဖွဲ့ဌာန(KNPF) တို့ရှိသည်။


တရားစီရင်ရေးကော်မတီ၊စည်းကမ်းကြီးကြပ်ထိန်းသိမ်းရေးကော်မတီ၊ စစ်ကော်မတီ၊ဘဏ္ဍာရေးကော်မတီ တို့လည်းရှိကြပြီး ဒူးပလာယာခရိုင်အတွင်းရှိ ထိန်းချုပ်နယ်မြေမှ ပြည်သူများကို ဝန်ဆောင်မှုပေးနေသော လုပ်ငန်းများ ဆောင်ရွက်လျှက်ရှိသည်။


၂၉-ဖေဖော်ဝါရီလ-၂၀၂၀၊ ဒူးပလာယာ