စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ဒူးပလာယာခရိုင်အတွင်း စိုက်ပျိုးရေး နည်းပညာသင်တန်းများ၊ လယ်ယာမြေ အသစ်ဖော်ထုတ်ခြင်း နှင့် သဘာဝမြေသြဇာများ ဖြန့်ဖြူးပေးခြင်းများကို လုပ်ဆောင်သွားမည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေဖြစ်သည့် ဒူးပလာယာခရိုင်အတွင်း စိုက်ပျိုးရေး နည်းပညာသင်တန်းများ၊ လယ်ယာမြေ အသစ်ဖော်ထုတ်ခြင်း နှင့် သဘာဝမြေသြဇာ ဖြန့်ဖြူးခြင်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကေအဲန်ယူ-ဒူးပလာယာခရိုင် လယ်ယာနှင့်စိုက်ပျိုးရေးဌာနမှူး ပဒိုစောဆဲ့လာ မှ ပြောသည်။


ကေအဲန်ယူ-ဒူးပလာယာခရိုင်၏ (၁၆)ကြိမ်မြောက်ကွန်ကရက်အပြီး လယ်ယာနှင့်စိုက်ပျိုးရေးဌာန ပထမအကြိမ် အစည်းအဝေးတွင် ယခုလိုပြောကြားခဲ့ခြင်းဖြစ်ပြီး အစည်းအဝေးကို မတ်လ ၂ ရက်နေ့မှ ၃ ရက်နေ့အထိ ခရိုင် လယ်ယာနှင့်စိုက်ပျိုးရေးဌာနတွင် ကျင်းပခဲ့သည်။


အစည်းအဝေးတွင် ခရိုင်အတွင်းရှိမြေယာများ မှတ်တမ်းတင်ခြင်း၊မြေယာတိုင်းတာခြင်း၊ မြေပုံပြုလုပ်ခြင်းတို့ကို ဆွေးနွေးခဲ့သည်။ လယ်ယာနှင့်စိုက်ပျိုးရေးနည်းပညာသင်တန်းများ၊ ပြည်သူအတွက် လယ်ယာမြေအသစ်ဖော်ထုတ်ခြင်းများ၊ သဘာဝမြေသြဇာ ဖြန့်ဖြူးခြင်းများကို ကေအဲန်ယူ-ဒူးပလာယာခရိုင်းအတွင်းရှိ ပြည်သူများအတွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


လယ်ယာနှင့်စိုက်ပျိုးရေးဌာန၏ အကူအညီများကို ရယူလိုပါက ဒူးပလာယာခရိုင်၊ကျုံဒိုးမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ နို့တကောမြို့နယ်အတွင်းရှိ လယ်ယာနှင့်စိုက်ပျိုးရေးဌာနများမှတဆင့် ဆက်သွယ်နိုင်ကြောင်း သိရသည်။


ကေအဲန်ယူ-ဒူးပလာယာခရိုင် လယ်ယာနှင့်စိုက်ပျိုးရေးဌာနအနေဖြင့် ထိန်းချုပ်နယ်မြေအတွင်းရှိ ပြည်သူများ၏ လယ်ယာမြေအသစ်များဖော်ထုတ်ခြင်း၊ ဒေသခံပြည်သူများ၏ မြေယာများကိုတိုင်းတာပေးခြင်း မှတ်ပုံတင်ပေးခြင်း၊ သဘာဝမြေသြဇာပြုလုပ်ခြင်းသင်တန်းများ၊ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးသင်တန်းများ၊ နှစ်ရှည်ပင်စိုက်ပျိုးရေးများ၊ ခရိုင်မြေယာကော်မတီအဆင့် ဖြေရှင်းပေးနိုင်သည့် မြေယာပြသနာများ ဖြေရှင်းဆောင်ရွက်ပေးခြင်းတို့ကို လုပ်ဆောင်နေကြောင်း သိရသည်။

နှစ်ရှည်ပင်နှစ်တိုပင်စိုက်ပျိုးတာတွေကို သဘာဝမြေသြဇာကိုပဲသုံးပြီး ဓါတ်မြေသြဇာတွေကို ရှောင်ရှားဖို့နဲ့ လုပ်ကိုင်စားသောက်မှုမှာ ကေအဲန်ယူ ရဲ့မြေယာလုပ်ငန်းဥပဒေနှင့်အညီ လုပ်ကိုင်စားသောက်ကြဖို့ မှာကြားလိုကြောင်း လယ်ယာနှင့်စိုက်ပျိုးရေးဌာနမှူး ပဒိုစောဆဲ့လာ မှ ပြောသည်။


ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဖွဲ့စည်းပုံ၏ နယ်မြေအုပ်ချုပ်ရေးစနစ်တွင် စည်းရုံးရေးနှင့်ပြန်ကြားရေးဌာန၊ ကျန်းမာရေးနှင့်ကယ်ဆယ်ရေး ပြန်လည်ထူထောင်ရေးဌာန၊ ပညာရေးနှင့်ယဉ်ကျေးမှုဌာန၊ လယ်ယာစိုက်ပျိုးရေးဌာန၊ သစ်တောဌာန၊ အခွန်နှင့်ဘဏ္ဍာရေးဌာန ၊ သယ်ယူပို့ဆောင်ရေးနှင့်လမ်းပန်းဆက်သွယ်ရေးဌာန၊ မွေးမြူရေးနှင့်ရေလုပ်ငန်းဌာန၊ ကရင်အမျိုးသားရဲတပ်ဖွဲ့ဌာန(KNPF) တို့ရှိသည်။


တရားစီရင်ရေးကော်မတီ၊စည်းကမ်းကြီးကြပ်ထိန်းသိမ်းရေးကော်မတီ၊ စစ်ကော်မတီ၊ဘဏ္ဍာရေးကော်မတီ တို့လည်းရှိကြပြီး ဒူးပလာယာခရိုင်အတွင်းရှိ ထိန်းချုပ်နယ်မြေမှ ပြည်သူများကို ဝန်ဆောင်မှုပေးနေသော လုပ်ငန်းများ ဆောင်ရွက်လျှက်ရှိသည်။


၂-မတ်လ-၂ဝ၂ဝ၊ဒူးပလာယာ