စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ငြိမ်းချမ်းရေးဖြစ်စဉ်

(၂၄) ကြိမ်မြောက် PPST အစည်းဝေးမှ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၏ အဖွင့်အမှာစကား

 အားလုံးမင်္ဂလာပါ။ ဒီနေ့ဟာ PPST ရဲ့ (၂၄) ကြိမ်မြောက် အစည်းအဝေးဖြစ်အတွက် တက် ရောက်လာကြတဲ့ ခေါင်းဆောင်၊ ကိုယ်စားလှယ်များအားလုံး နဲ့ NCA အကောင်အထည် ဖော် ဘက်တွေ ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ကိုလည်း ကြိုဆိုပြီး ကျေးဇူးတင်ကြောင်း ဦးစွာပြောကြား လိုပါတယ်။

 

ဒီအစည်းအဝေးမှာ အဓိကကတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစု ပင်လုံ (တတိယအစည်းအဝေး) က ရရှိခဲ့တဲ့ ရလဒ်တွေနဲ့ပတ်သက်ပြီး ပြန်လည်အစီရင်ခံ တင်ပြကြမှာ ဖြစ်ပြီး အဖွဲ့အစည်းအသီးသီးကနေ ပြန်လည်သုံးသပ်ထားတာတွေကိုလည်း တင်ပြ ဆွေးနွေးကြမှာ ဖြစ်တယ်။ ပြီးတော့ ရှေ့ဆက်သွားရမယ့်ရပ်တည်ချက် ကိစ္စရပ်တွေကိုလည်း ညှိနှိုင်းဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

 

ဒါကြောင့် တင်ပြလာတဲ့ အချက်တွေကို ညှိနှိုင်းဆွေးနွေးပြီး ဘုံရပ်တည်ချက်ကို သတ်မှတ်ကြမယ်။ ဒီဘုံရပ်တည်ချက်ကို အခြေခံပြီး ရှေ့ဆက် ဘယ်လိုဆောင်ရွက်သွားကြ မလဲဆိုတာကို လုပ်ငန်းစဉ်ချမှတ်ကြမယ်။ ဒါ့အပြင် ဒီလုပ်ငန်းစဉ်တွေကိုလည်း လက်ရှိဖြစ် တည်နေတဲ့ အလွတ်သဘောဆွေးနွေးပွဲကနေ နက်ရှိုင်းစွာနဲ့ Stakeholder တွေအကြား တည်ရှိနေကြတဲ့ နိုင်ငံရေးဆိုင်ရာအခြေခံယူဆချက် ကွာဟမှုတွေကို ကြိုးစား စေ့စပ်ညှိနှိုင်းသွားရမှာ ဖြစ်ပါတယ်။ တနည်းအားဖြင့် အနာဂတ်ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့အတွက် ဘုံရည်မှန်းချက်၊ ဘုံစံနှုန်းတွေကို ရအောင် ညှိနှိုင်းသွား ကြရပါဖြစ်တယ်။

 

ဒီအစည်းအဝေးပြီးသွားရင်လည်း NCA-S EAO ထိပ်သီးညီလာခံက ဆက်လက် ကျင်းပမှာ ဖြစ်တဲ့အတွက် NCA-S EAO အားလုံးရဲ့ ဘုံသဘောတူညီချက်နဲ့ ရပ်တည်ချက်တွေရရှိနိုင်ဖို့ အတွက်လည်း ဒီ PPST အစည်းအဝေးကနေ ဆွေးနွေးသွားဖို့ လိုအပ်ပါတယ်။

 

အားလုံးတက်တက်ကြွကြွနဲ့ ပွင့်ပွင့်လင်းလင်းဆွေးနွေးကြပါ၊ ငြိမ်းချမ်းရေးကိုရှေ့ရှုပြီး အတူတကွ လက်တွဲအကောင်အထည်ဖော်ကြပါ၊ ငြိမ်းချမ်းသာယာပြီး တန်းတူအခွင့်အရေးရှိတဲ့ ပွင့်လင်းသော လူမှုအဖွဲ့အစည်းတည်ဆောက်ရေးကို ရှေ့ရှုပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးကို အခြေခံတဲ့ ဆွေးနွေးရေးလုပ်ငန်းစဉ်တွေ ဖြစ်ပေါ်လာဘို့ ဦးတည်ဆွေးနွေး ကြပါလို့တိုက် တွန်းရင်း နိဂုံးချုပ်ပါတယ်။ အားလုံးကိုကျေးဇူး တင်ပါတယ်။


၂၀၁၈၊ စက်တင်ဘာလ (ရက်၊ ချင်းမိုင်။