စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတရော်ခရိုင် သစ်တောဌာန ဝန်ထမ်းတစ်ဦးအား မြန်မာစစ်တပ် ပစ်ခတ်ခဲ့သဖြင့် သေဆုံး

၂၀၂၀ ခုနှစ်၊ မတ္လ (၅) ရက်
၂၀၂၀ ခုနှစ်၊ မတ္လ (၅) ရက်နေ့ နေ့လည် ၁၂း၄၅ နာရီ ခန့်တွင် မူတရော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မဲဝိုင် ကျေးရွာ အနီး၌ စခန်းချ နေသော မြန်မာစစ်တပ် (ခလရ-၃၃၈) ဒု-တပ်ရင်းမှူး ဦးဆောင်သော တပ်ဖွဲ့ သည် မူတရော်ခရိုင် သစ်တောဌာန ဝန်ထမ်းတစ်ဦး ဖြစ်သော စောမောင်အေးသန်း အား ပစ်ခတ် သတ်ဖြတ် ခဲ့ပါသည်။
စောမောင်အေးသန်း နှင့် အဖော်တစ်ဦး သည် ဌာန လုပ်ငန်းလုပ်ဆောင်ရန် ခလယ်မူသိုးပလေ သစ်တောကြိုးဝိုင်း သို့ ဆိုင်ကယ်ဖြင့် သွားစဉ် တွင် ပစ်သတ် ခံခဲ့ရခြင်း ဖြစ်ပါသည်။ ၎င်းတို့ သွားသော လမ်းသည် မြန်မာစစ်တပ် စခန်းချ နေသော နေရာနှင့် ကိုက် ၂၀၀ ခန့် အကြာ အဝေး တွင် ရှိပြီး ပစ်ခတ် ခံရမှုကြောင့် နံဘေး တွင် ဖောက်ဝင်သွားပြီး ပေါင် တွင်လည်း ၃ ချက် ခန့် ထိ မှန် ခဲ့ကာ အချိန်တို အတွင်းမှာ ပင် အသက်သေဆုံးခဲ့ပါသည်။
ထို့ကြောင့် မိမိတို့ အနေဖြင့် စောမောင်အေးသန်း သေဆုံးမှု အတွက် အလွန်ဝမ်းနည်းကြေကွဲ ရပြီး မြန်မာစစ်တပ် ၏ လုပ်ရပ်အပေါ် ခံပြင်း မိပါသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာစစ်တပ် တွေဟာကျေးရွာ အနီးတွင် စခန်းချ ခြင်း၊ မိမိတို့ ဘက်မှ လည်း သွားရောက် နှောက်ယှက် တိုက်ခိုက်ခြင်း တစ်ကြိမ်မှ မရှိခဲ့ သည့်အပြင် ရွာသူရွာသားများ အနေဖြင့် လည်း တပ်စခန်း ပြောင်းရွှေ့ပေးရန် တင်ပြတောင်းဆို ထားပြီး ဖြစ်ပါသည်။ မိမိတို့ ၏ သစ်တောဌာန ဝန်ထမ်း (၃) ဦးသည် လည်း သွားနေကျ လမ်းအတိုင်း သစ်တော စစ်ဆေးကြည့်ရှုခြင်း လုပ်ငန်း ကို လုပ်ဆောင်ရန် ဆိုင်ကယ်ဖြင့် သွားခြင်း ဖြစ်ပါသည်။
သို့သော် ယခု ကဲ့သို့ အစိုးရစစ်တပ် ၏ လုပ်ရပ်သည် မိမိတို့ ကို ထိပါးစော်ကားခြင်းမျိုး ဖြစ်နေပြီး တင်းမာ မှု ကို ပိုမို ဖြစ်စေနိုင်ပါသည်။