စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

၂၀၂၀ ခုနှစ် မေလ (၆) ရက်နေ့၌ ကေအဲန်ယူ-ကရင််အမျိုးသားအစည်းအရုံး ဖာပွန်ခရိုင် နှင် ့ဗမာ့တပ်မတော် တို့ကြား ပစ်ခတ်မှု (၂) ကြိမ်ဖြစ်ပွား

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဖာပွန်ခရိုင် အတွင်းတွေ Covid 19 ရောဂါကာကွယ်တားဆီးရေးအစီအစဉ်ကို ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး ဗဟိုအဆင့် Covid 19 ရောဂါကာကွယ်တားဆီးရေးကော်မတီ ရဲ့ညွန်ကြားချက်၊ လမ်းညွန်ချက်နှင့်အညီ လုပ်ဆောင်လျှက်ရှိသည်။ ကေအဲန်ယူ ဖာပွန်ခရိုင်အတွင်း အရေးကြီးတဲ့နေရာဒေသများမှာ မူတြော်ခရိုင် Covid 19 ကာကွယ်တားဆီးရေးကော်မတီ တာဝန်ရှိသူများမှ ရောဂါစစ်ဆေးရေး Screening Point များချမှထားပြီး လမ်းသွားလမ်းလာသူတိုင်း ကျန်းမာရေးစစ်ဆေးမှုဖြစ်တဲ့ အပူချိန်တိုင်းခြင်း လက်ဆေးချင်းများကို ခံယူပြီးမှသာလျှင် သွားလာခွင့်ပြုသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းရုံး ထိန်းချုပ်နယ်မြေအတွင်းရှိ ဖာပွန်ခရိုင်အတွင်းသို့ ကိုဗစ် ၁၉ (Covid 19) ရောက်ရှိပြန့်နှ့ံမှု မရှိစေရန် ရည်ရွယ်၍ ဖာပွန်ခရိုင် တာဝန်ရှိသူများသည် ဒွဲလုံမြို့နယ်၊ လေးဖိုးထားအုပ်စုအတွင်းရှိ ဝါသိုးခိုကျေးရွာ နှင့် ကတိုင်တိကျေးရွာအုပ်စု ဖားလုံး လမ်းသွယ်တို့တွင် ကိုဗစ် ၁၉ (Covid 19) စစ်ဆေးသည့်နေရာများ ချမှတ်လျက်ရှိသည်။ ကိုဗစ် ကူးဆက်ရောဂါအား ကာကွယ်တားဆီးနိုင်ရန်အတွက် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး ဖာပွန်ခရိုင် တာဝန်ရှိသူများသည် လုပ်ငန်းစဉ်ချမှတ်ပြီး ထိုလုပ်ငန်း စဉ်များကို ကော်မတီဖွဲ့၍ တာဝန်ယူဆောင်ရွက်စေခဲ့သည်။ လုပ်ငန်းစဉ်များတွင် ခရီးသွားပြည်သူအားလုံးကို ကိုယ်အပှုချိန်တိုင်းခြင်း၊ လူဝင်/လူထွက်များအား စစ်ဆေးခြင်း စသည်တို့လည်း ပါဝင်သည်။ ဖာပွန်ခရိုင်အတွင်းရှိ ဤကဲ့သို့  ရောဂါစစ်ဆေးသည့် နေရာများစွာ ချမှတ်ထားသည်။

ဤရောဂါစောင့်ကြည့်စစ်ဆေးသည့် လုပ်ငန်းစဉ်သည် မြို့ပေါ်သို့ ခရီးသွားသူများမှ တောင်ပေါ်ဒေသရှိ ကျေးရွာ များအတွင်းသို့ မဝင်ရောက်ရန်၊ ကျေးရွာနေပြည်သူများမှလည်း မြို့ပေါ်သို့ ခရီးသွားလာခြင်း မပြုရန်အတွက် ကာကွယ် ခြင်းလည်းဖြစ်သည်။ ဖာပွန်-ကမမောင်း လမ်းသည် လမ်းမကြီး ဖြစ်နေသည့်အတွက် ဖာပွန် မှ ကမမောင်း၊ ကမမောင်း မှ ဘာအံ သို့ခရီးသွားလာများသည့် နေရာတစ်ခုဖြစ်သည်။ ကရင်အမျိုးသား ရဲတပ်ဖွဲ့ နှင့် ဖာပွန်ခရိုင် ကျန်းမာရေးလုပ်သားများကို ခရီးသွားပြည်သူများမှ ရောဂါကူးဆက်ခြင်းမရှိအောင် ရောဂါစစ်ဆေးခြင်း ကိုယ်အပူချိန် တိုင်းခြင်း တို့ကို စနစ်တကျ လုပ်ဆောင်နေသည်။ တာဝန်ထမ်းဆောင်နေသော  ဖာပွန်ခရိုင် ကျန်းမာရေးလုပ်သားများ သည် မိမိ၏ ဆရာဝန်ဝတ်စုံအား ဝတ်ဆင်ထားသကဲ့သို့ လုံခြုံရေးယူထားသည့် ရဲများလည်း မိမိတို့ဝတ်စုံဝတ်ဆင် ထားသည်။ ဖာပွန်ခရိုင်အတွင်းရှိ မိမိတို့၏ ထိန်ချုပ်နယ်မြေအတွင်းရှိ လူထုများအား မိမိတို့ လုပ်ဆောင်ချက်များကို သဘောကျ နှစ်သက်ကျသည်။

၂၀၂ဝ ခုနှစ်၊ မေလ (၆) ရက်နေ့တွင် မြန်မာတပ်မတော်၏ စကခ (၈)၊ ခမရ (၄၀၅) မှ ဒု-တပ်ရင်းမှူးနှင့် စစ်သားများသည် ရောဂါစစ်ဆေးသည့် ထိုနေရာ (၂) နေရာသို့ ရောက်လာကြပြီး နှောက်ယှက်ဟန့်တားမှုများ ပြုလုပ်ခဲ့လေသည်။ ထိုနေရာတွင် ဖာပွန်ခရိုင် တာဝန်ရှိသူများမှ ထွက်ခွာရန်အတွက်လည်း ဖိအားပေး ပြောဆိုလေသည်။ ဖာပွန်ခရိုင် တာဝန်ရှိသူများမှလည်း ကိုဗစ် ကူးစက်ရောဂါစောင့်ကြည့်စစ်ဆေးခြင်းဖြစ်သည့်အတွက် အချင်းချင်းဆန့်ကျင်မှု မပြုလုပ်သင့်ကြောင်း ပြန်လည်ရှင်းပြသော်လည်း သူတို့သည် လက်မခံဘဲ ရောဂါစောင့်ကြည့်စစ်ဆေးသည့်နေရာအား မီးရှို့ဖျက်စီးလိုက်သည့်အတွက်  ပြစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ တစ်ရက်တည်းအတွင်း မြန်မာတပ်မတော် နှင့် ကေအဲန်ယူ ဖာပွန်ခရိုင် တို့ကြား ပစ်ခတ်မှု    (၂) ကြိမ် ဖြစ်ပွားသွားခဲ့သည်။ ပထမ အကြိမ်တွင် နေ့လည် (၁၂း၁၂) အချိန်၌ ဒွဲလုံမြို့နယ်၊ လေးဖိုးထာကျေးရွာအုပ်စု၊  ဝါသိုးခို လမ်းမပေါ်ရှိ ကိုဗစ် ကူးစက်ရောဂါစောင့်ကြည့်စစ်ဆေးသည့်နေရာတွင် ပစ်ခတ်မှု ဖြစ်ပေါ်ခဲ့သည်။ ဒုတိယအကြိမ်တွင် မွန်းလွဲ (၃း၄၁) အချိန်၌ ဒွဲလုံမြို့နယ်၊ ကတိုင်တိကျေးရွာအုပ်စု၊ ဖားလုံးလမ်းသွယ်တွင် ရှိသော ကိုဗစ် ကူးစက်ရောဂါစောင့် ကြည့်စစ်ဆေးသည့်နေရာတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်မှု နှစ်ကြိမ်လုံးတွင် ကေအဲန်ယူဘက်မှ ထိခိုက်မှု မရှိခဲ့ပေ။ မြန်မာစစ်တပ်ဘက်တွင် ထိခိုက်မှု ရှိ/မရှိသည်ကို အတိကျမသိရသေးပါ။ ပစ်ခတ်မှုဖြစ်ပွားရသည့် အကြောင်းရင်းမှာ မြန်မာစစ်တပ်မှ ကိုဗစ် ကူးစက်ရောဂါ စောင့်ကြည့်သည့် နေရာများအား ဖျက်သိမ်းစေကာ၊ ထိုနေရာများမှ ထွက်ခွာသွားရန် လာရောက်ဖိအားပေးခြင်း၊ ကူးစက်ရောဂါစောင့်ကြည့်သည့်နေရာအား အတင်းအဓ္ဓမမီးရှို့ ဖျက်စီးခြင်းတို့ကြောင့် တင်းမာမှု ဖြစ်ပေါ်လာကာ ပစ်ခတ်မှုဖြစ်ပွားရခြင်းဖြစ်သည်။

ပစ်ခတ်မှု ဖြစ်ပွားပြီးနောက်တွင် ဝါးသိုးခိုကျေးရွာရှိ ပြည်သူများသည် ရွာတွင်း၌ မနေရဲတော့ဘဲ တောထဲတွင်  ထွက်ပြေး တိမ်းရှာင်နေရသည်။ ပစ်ခတ်မှု ဖြစ်ပွားသည့်နောက်တွင် မြန်စစ်တပ်မှ စစ်သားများသည် ဖားလုံးကျေးရွာသို့ ဝင်ရာက်သွားကာ  ခဏအကြာတွင် ပြန်လည်ထွက်ခွာခဲ့သည်။ မြန်မာစစ်တပ်၏ လုပ်ရပ်များသည် ကိုဗစ် ကူးစက်ရောဂါစောင့်ကြည့်စစ်ဆေးခြင်းကို နှောက်ယှက်ဟန့်တား၊ အဖျက်မှောင့်လုပ်ဆောင်သည့် လုပ်ရပ်များဖြစ်သည့်အပြင် ဒေသခံရွာသားများ၏ စိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်စေသည့် လုပ်ရပ်များလည်း ဖြစ်သည်။ ထိုလုပ်ရပ်များသည် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ် (NCA) ကို ချိုးဖောက်သော လုပ်ရပ်များလည်းဖြစ်သည်။