စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး, ညောင်လေပင်ခရိုင်၏ Covid-19 ရောဂါ ကာကွယ်တားဆီးရေးကော်မတီမှ အရေးပေါ်အကူအညီလိုအပ်သော ပြည်သူလူထုများကို အကူအညီပေးခြင်း

၁၃ မေလ ၂၀၂၀ ခုနှစ်

Covid-19 ရောဂါ ကူးစက်ပြန့်ပွားမှုသည် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိသည်နှင့်အမျှ နိုင်ငံအတွင်းတွင် ဖြစ်ပေါ်လာ၍ လက္လုပ္လက္စားမ်ား နှင့် အလုပ်သမားများသည် အလုပ်လက်မ့ဲ ဖြစ်လာကာ အခက်အခဲ အကျပ်အတည်း ပြသနာ များနှင့် ရင်ဆိုင်ကြုံတွေ့ နေရသည်မှာ မြန်မာနိုင်ငံတစ်ဝှမ်းနေရာအတော်များမှာဖြစ်လာခ့ဲပါသည်။

ထို့နည်းတူစွာပင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး, ညောင်လေးပင်ခရိုင် အတွင်း၌လည်း ဤရောဂါကြောင့် အလုပ်လက်မ့ဲဖြစ်လာ၍ အခက်အခဲ အကျပ်အတည်းပြသနာနှင့် ရင်ဆိုင်ကြုံတွေ့နေရသော ပြည်သူလူထုများ ကျေးရွာအတော်များများ၌ ရှိလာကြပါသည်။ သို့အတွက်ကြောင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင် ၏ Covid-19 ရောဂါ ကာကွယ်တားဆီးရေးကော်မတီမှ စေတနာအလှူရှင်များနှင့် ပူးပေါင်း၍ အကူအညီလိုအပ်သော ပြည်သူလူထုများအား အဓိက အစားအစာဖြစ်သည့် ဆန် ကို ကူညီထောက်ပ့ံမှုပြုခ့ဲကြပါသည်။

၂၀၂၀ မေလ ၁၂ ရက်နေ့တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင်၏ Covid-19 ရောဂါ ကာကွယ်တားဆီးရေးကော်မတီနှင့် စေတနာ့အလှူရှင်တို့ ပူပေါင်း၍ ညောင်လေးပင်ခရိုင်, တပ္မဟာ ၃ မွ တပ်ရင်း ၉ ၊ KNDO တပ်ရင်း ၃ နယ်မြေများနှင့် မုန်းမြို့နယ် တပ်ရင်း ၈ နယ်မြေများအတွင်းမှ ခဲဒဲအုပ္စု ၊ ခဲကာအုပ္စု (ကျောက်ကြီးမြို့နယ်) နှင့် စောခါဒဲ အုပ္စု (မုန်းမြို့နယ်) စသည့်နေရာများမှ အရေးပေါ် အကူအညီလိုအပ်သော ပြည်သူလူထု မ်ားကို ကူညီထောက်ပ့ံမှု ပြုခ့ဲကြပါသည်။ ကူညီထောက်ပ့ံမှု အစီအစဉ်တွင် ပဒို စောဝါးရေတိုး ( ညောင်လေးပင်ခရိုင် Covid-19 ရောဂါ ကာကွယ်တားဆီးရေးကော်မတီ ဥက္ကဌ ) မွ ပြည်သူလူထုများအား Covid-19 ရောဂါ ဖြစ်ပေါ်လာပုံ နှင့် မည်သို့ကာကွယ်တာဆီးရမည်တို့ကို ရှင်းလင်းပြေပြပြီး ပဒို စောလာဖိုး (ကျောက်ကြီးမြို့နယ် ဥက္ကဌ) မွ အားပေးစကားပြောကြားကာ ပဒို စောဟဲဂေ (ခရိုင်အမြဲတမ်းကော်မတီဝင်) မွ အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ၏ ဖြစ်စဉ်အကျဉ်းကို ရှင်းလင်းပြောကြားခ့ဲကြပါသည်။ ထို့ပြင် ဗိုလ်မှူး စောဘဲဝါး (KNDO တပ်ရင်း ၃ မှူး) နှင့် ရဲဘော်များ ၊ အခြားသောခေါင်းဆောင်းများနှင့် အကူအညီလိုအပ်သော ပြည်သူလူထုများ တက်ရောက်ခ့ဲကြပါသည်။ ညောင်လေးပင်ခရိုင်နှင့် ပူးပေါင်းပါဝင်လုပ်ဆောင်ကြသောသူ အားလုံးကို ကျေးဇူးအထူးတင်အပ်ပါသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ သေဘာထားမွာ Covid-19 ရောဂါသည် ကျနုပ်တို့၏ ထိန်းချုပ်နယ်မြေအတွင်းသို့ မရောက်ရှိစေရန် ပြတ်ပြတ်သားသားနှင့် တားဆီးကာကွယ် ဆောင်ရွက်သွားမည်ပေဖြစ်သည်။ ထို့အတူ ကျနုပ်တို့ ထိန်းချုပ်နယ်မြေအတွင်း၌ ရောဂါကြောင့် အခက်အခဲပြသနာနှင့် ရင်ဆိုင်ကြုံတွေ့နေရသော ပြည်သူလူထုများကိုလဲ တတ်စွမ်းသလောက် နည်းလမ်းရှာဖွေ၍ ကူညီထောက်ပ့ံမှုများ ပေးသွားပါမည်။ ဤ Covid-19 ရောဂါသည် မည်သည့်အချိန်အခါ၌ ပပျောက်သွားမည်ကို အတိအက် အေသအျခာ မသိရသောကြောင့် ညောင်လေးပင်ခရိုင်၏ တာဝန်ရှိသူများအနေဖြင့် မျက်စိဖွင့် နားဖွင့် နှင့် ရောဂါ၏ အခြေအနေကို တစိုက်မတ်မတ်ဖြင့် လေ့လာစောင့်ကြည့်နေပါမည်။ လူထု ပညာပေးရေး အစီအစဉ်များ နှင့် ဆေးဖျန်းခြင်း အစီအစဉ်များကိုလဲ အစဉ်တစိုက် လုပ်ဆောင်လျက်နှင့် ရှိနေပါမည်။