စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ခလယ်လွီထူခရိုင် လယ်ယာစိုက်ပျိုးရေးဌာနမှဦးဆောင်ပြီး စိုက်ပျိုးရေးနှင့်ပတ်သက်သည့် ရက်တို သင်တန်း ကို (Wisdom) ကျောင်းတွင်ကျင်းပပြုလုပ်

မတ်လ (၂၁) ရက်၊ ၂၀၂၅ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်အတွင်းရှိ လူငယ်စွမ်းရည်မြင့်တင်ရေးအစီအစဉ် (Wisdom) ကျောင်း ၌ ခလယ်လွီထူခရိုင် လယ်ယာစိုက်ပျိုးရေး ဌာန မှ ဦးဆောင်ပြီး လူမှုဘဝလုံခြုံမှု၊ စာဝတ်နေရေးဖူလုံမှုရရှိစေရန်နှင့် ဓါတုဓာတ်မြေဩဇာ အသုံး ပြုခြင်း၏ ဆိုးကျိုး နှင့် သဘာဝစိုက်ပျိုးရေး အဆင့်မြင့်တင်ခြင်း၏ ကောင်းကျိုးများ သိရှိနားလည် စေရန် ဂေဟ စနစ်ကို ကာကွယ်ထိန်းသိမ်းမြင့်တင်လာ စေရန်ရည်ရွယ်ချက်ဖြင့် ၂၀၂၅ ခုနှစ် မတ်လ (၁၁) ရက်နေ့မှ (၁၄) ရက်နေ့ ထိ (၄)ရက်တာ ရက်တိုသင်တန်းကို ပေးခဲ့ပါသည်။

ထိုရက်တိုသင်တန်းတွင် လူငယ်စွမ်းရည်မြင့်တင်ရေးအစီအစဉ် (Wisdom)ကျောင်း မှကျောင်းသား ကျောင်းသူပေါင်း (၄၆) ဦး ခန့် တက်ရောက်ပြီး ခလယ်လွီခရိုင် လယ်စိုက်ပျိုးရေးဌာ၏ ပညာပေးဌာနခွဲ KAD(TOT) ဆရာဆရာမများမှသင်တန်း ပေးခဲ့ပါသည်။