စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ဗဟိုဌာနချုပ်

ကေအဲန်ယူ ဗဟိုဌာနချုပ်တွင် ကော်သူးလေသစ်ပင်စိုက်ပျိုးခြင်းနေ့ အထိမ်းအမှတ် ဖြစ်သစ်ပင်စိုက်ပျိုး

ဇူလိုင် (၁)ရက်၊ ၂၀၂၁ခုနှစ် သူးလေသတင်းစဥ်
ယနေ့ကျရောက်သည့် ကော်သူးလေသစ်ပင်စိုက်ပျိုးခြင်းနေ့ အထိမ်းအမှတ် တွင် ကေအဲန်ယူ (ဗဟို) ဌာနချုပ်၌ ကေအဲန်ယူ (ဗဟို) အထွေအထွေ တွဲဖက် အတွင်းရေးမှူး (၂) ပဒို စောလှထွန်း နှင့် (ဗဟို) စည်းရုံးရေးနှင့်ပြန်ကြားရေး ဒုဌာနမှူး ပဒိုစောကလယ်စေး တို့ကဦးဆောင်ပြီး အပင်များကိုစိုက်ပျိုးကြပါသည်။
ကော်သူးလေသစ်ပင်စိုက်ပျိုးခြင်းနေ့အထိမ်းအမှတ် ကို ဇူလိုင် (၁) ရက် နေ့အဖြစ် ကေအဲန်ယူ (၁၆) ကြိမ်မြောက် ကွန်ကရက် တွင်ပတ်ဝန်းကျင် ထိမ်းသိန်းသောရည်ရွယ်ချက်အဖြစ် သတ်မှတ်ခဲ့သည်။
ကေအဲန်ယူ ခရိုင် (၇)ခုလုံးရှိ သစ်တောဌာန၊ ကရင်လူငယ်အစည်းအရုံး(KYO)၊ ကရင်အမျိုးသမီးအစည်းအရုံး (KWO) ၊ အခြားသောဌာနများ နှင့် ခရိုင် (၇) ခုတွင်းနေထိုင်သည့် ပြည်သူလူထုများ အပြင် အနယ်နယ်အရပ်ရပ်မှ နေထိုင်သည့် ကရင်လူမျိူး များကလည်း ယနေ့ ဇူလိုင် (၁)ရက်နေ့တွင် ကျရောက်သည့် ကော်သူးလေသစ်ပင်စိုက်ပျိုးခြင်းအထိမ်းမှတ်နေ့တွင် အပင်များစိုက်ပျိုးကြသည်။