စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ဘိတ်ထားဝယ်ခရိုင်၏ ၁၉ ကြိမ်မြောက် ကွန်ကရက်

ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ဘိတ်ထားဝယ်ခရိုင်၏ ၁၉ ကြိမ်မြောက် ကွန်ကရက်

၁၇ ဇန်နဝါရီ ၂၀၂၂ ကေအဲန်ယူ - ဗဟို

ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ဘိတ်ထားဝယ်ခရိုင်တွင် ၁၉ ကြိမ်မြောက် ကွန်ကရက်ကို ခရိုင်ဌာနချုပ် အမလာထာ၌ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့ မှ ၁၅ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဤ ၁၉ ကြိမ်မြောက်ကွန်ကရက်သို့ ကေအဲန်ယူ - ဘိတ်ထားဝယ်ခရိုင်ရှိ မြို့နယ် ၄ မြို့နယ်မှ ခေါင်းဆောင်နှင့်ကိုယ်စားလှယ်များ နှင့် အထူးဒေသ ၂ ခုမှ ခေါင်းဆောင်နှင့်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး စုစုပေါင်း လူဦးရေ ၉၃ ဦး တက်ရောက်ခဲ့ပါသည်။

ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ဘိတ်ထားဝယ်ခရိုင်၏ ၁၉ ကြိမ်မြောက် ကွန်ကရက်တွင် နောက်ထပ် ၄ နှစ်အတွင်း ဦးဆောင်ရမည့် ခေါင်းဆောင်များကိုလည်း ရွေးချယ် တင်မြောက်ခဲ့ကြပါသည်။ ရွေးချယ်တင်မြောက်ခြင်းခံရသော ခေါင်းဆောင်များမှာ

၁။ ပဒို စောဖလို့စိုးဝင်း ( ဥက္ကဋ္ဌ )

၂။ ဗိုလ်ချုပ် စောမူလာ ( ဒု ဥက္ကဋ္ဌ )

၃။ ပဒို စောအယ်နာ ( အတွင်းရေးမှူး )

၄။ ပဒို စောဘိုးဘိုးခင်မောင် ( တွဲဘက် အတွင်းရေးမှူး )

၅။ ပဒို စောသူးယယ် ( တရားသူကြီး ) စသည်တို့အပြင် အခြား ဌာနအသီးသီးမှ ခေါင်းဆောင်များကိုလည်း ရွေးကောက်တင်မြောက်ခဲ့ကြပါသည်။

ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ဘိတ်ထားဝယ်ခရိုင်အတွင်း ကျစ်လစ်ခိုင်မာတောင့်တင်းစွာနှင့် ရည်ရွယ်ချက်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် ရှေ့ဆက်လုပ်ဆောင်မည့် လမ်းစဉ် လုပ်ငန်းစဉ် များကိုလည်း ကွန်ကရက်၌ ရေးဆွဲ ချမှတ်ခဲ့ကြပါသည်။