စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

(၃၂) နှစ်မြောက် ကရင်အမျိုးသားရဲတပ်ဖွဲ့‌နေ့အခမ်းအနားအား ခလယ်လွီထူခရိုင်တွင် ကျင်းပပြုလုပ်


စက်တင်ဘာလ (၉) ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃)၊ လယ်ဒိုမြို့နယ်၊ လယ်ဝါးကျေးရွာ၌ ၂၀၂၃ ခုနှစ် စက်တင်ဘာလ (၉) ရက်နေ့ မနက် (၈း၃၀) အချိန်တွင် (၃၂) နှစ်မြောက် ကရင်အမျိုးသားရဲတပ်ဖွဲ့နေ့ အခမ်းအား ကျင်းပပြုလုပ်ခဲ့သည်။


ထို့အခမ်းအနားတွင် အခမ်းနားမှုအဖြစ် ဗိုလ်စောတောဒိုထူးနှင့် ဗိုလ်စောလားဟေးတို့မှ ဆောင်ရွက်ခဲ့ပြီး ထိုအခမ်းအနားသို့ ခလယ်လွီထူခရိုင်၏ ခရိုင် ခေါင်းဆောင်များ၊ မြို့နယ်ခေါင်းဆောင်များ၊ ခရိုင်ရဲတပ်ဖွဲ့မှ အကြီးအကဲများ၊ ဌာနဆိုင်ရာခေါင်းဆောင်များ နှင့် Wisdom ကျောင်းမှ ကျောင်းသူကျောင်း သားများ၊ လယ်ဝါးကျေးရွာရှိ ကျောင်းသူကျောင်းသားများအပါအဝင် ဒေသခံပြည်သူလူထု စုစုပေါင်း (၉၀) ကျော် တက်ရောက် ဂုဏ်ပြုခဲ့ကြသည်။


သတင်းအရင်းအမြစ် − ခလယ်လွီထူခရိုင်−သတင်းနှင့်ပြန်ကြားရေး။