စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

(၇၃) နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့အခမ်းအနားအား ဖားအံခရိုင် တပ်မဟာ (၇) ဌာနချုပ် ကလိုယော်လေးတွင် ကျင်းပပြုလုပ်


ဩဂုတ်လ (၁၃) ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ဗဟိုဌာနချုပ်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ဗဟိုဌာနချုပ်နှင့် ဖားအံခရိုင် တပ်မဟာ (၇) တို့မှစုပေါင်း၍ (၇၃) နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့အခမ်းအနားအား ဖားအံခရိုင် တပ်မဟာ (၇) ဌာနချုပ် ကလိုယော်လေးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ထို (၇၃) နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့အခမ်းအနားသို့ ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၏ ဒုတိယဥက္ကဌ ပဒိုစောဆဲဂေ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ၊ ဖားအံခရိုင်၏ ဥက္ကဌ ပဒိုစောအောင်မော်ဧ၊ တပ်မဟာ (၇) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဖောဒို၊ ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ဗဟိုဌာနချုပ်ရှိ ခေါင်ဆောင်များနှင့် ရုံးဝန်ထမ်းများ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ဗဟိုဌာနချုပ်ရှိ အရာရှိစစ်သည်တော်များ၊ ဖားအံခရိုင်၏ တာဝန်ရှိခေါင်းဆောင်များနှင့် ရုံးဝန်ထမ်းများ၊ တပ်မဟာ (၇) ရှိ အရာရှိစစ်သည်တော်များ၊ တော်လှန်ရေးအတွက် အသက်ပေးလှူသွားသော အာဇာနည်များ၏ ကျန်ရစ်သူဇနီးသည်များ၊ မဟာမိတ်အဖွဲ့အစည်းများ၊ ကျောင်းသူကျောင်းသားများနှင့် ဒေသခံပြည်သူလူထုများ တက်ရောက်ဂုဏ်ပြုခဲ့ကြသည်။