စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ခလယ်လွီထူခရိုင် တာဝန်ရှိသူများမှ ဦးဆောင်ပြီး တရားဥပဒေစိုးမိုးရေး အတွက် (၁၅) ရက်တာ သင်တန်းပြုလုပ်ပြီးစီး

ဇွန်လ (၁) ရက်နေ့၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ ခရိုင် တပ်မဟာ (၃) တွင် ၂၀၂၃ ခုနှစ် မေလ (၁၆) ရက်နေ့မှ (၃၀) ရက်နေ့အထိ တရားဥပဒေစိုးမိုးရေးအတွက် သင်တန်းကို ပို့ချခဲ့ပြီး သင်တန်းတွင် ကော်သူးလေရာဇဝတ်ဥပဒေ၊ ကော်သူးလေရာဇ ဝတ်ကျင့် ထုံးဥပဒေ၊ ကော်သူးလေတရားမမှုခင်းဆိုင်ရာလုပ်ထုံးလုပ်နည်းဥပဒေ၊ ပြုစားခြင်း ဆိုင်ရာအထူးအက်ဥပဒေ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအထူးအက်ဥပဒေ၊ ကော်သူးလေတရားရေးစနစ်နှင့် ကလေးများအတွက် သီးသန့်ဥပဒေများ၊ ရပ်ရွာအခြေပြုရဲလုပ်ငန်း စသည်တို့ကို သင်ကြားပို့ချပေးခဲ့သည်။

တရားဥပဒေစိုးမိုးရေးအတွက် သင်တန်းတွင် သင်တန်းဆရာ (၃)ဦး မှသင်ကြားပို့ချပြီး သင်တန်းသား စုစုပေါင်း (၃၇) ဦး တက်ရောက်ခဲ့ကာ သင်တန်းကို ခရိုင်တာဝန်ရှိခေါင်းဆောင်များမှ ဦးဆောင်ပြီး စီစဉ် ဆောင်ရွက်ခဲ့သည်။ သင်တန်းပြီးဆုံးချိန်တွင် သင်တန်းသားများမှ လက်တွေ့လုပ်ဆောင်ရန်အတွက် Work Planများ Training Design များဆွဲချခဲ့သည်။

သတင်းအရင်းအမြစ်− ခလယ်လွီထူခရိုင်−သတင်းနှင့်ပြန်ကြားရေး။