စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

(၇၅)နှစ်မြောက် ကရင့်တော်လှန်ရေးနေ့" ဂုဏ်ပြုအခမ်းနား ကို ကေအဲန်ယူ-ဒူးသထူခရိုင်တွင် ပြုလုပ်ပြီးစီးခဲ့

ဖေဖော်ဝါရီလ (၅)ရက်၊ ၂၀၂၄ ခုနှစ်၊ ကေအဲန်ယူဗဟို

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃၁)ရက်နေ့က "(၇၅)နှစ်မြောက် ကရင့်တော်လှန်ရေးနေ့" ဂုဏ်ပြုအခမ်းအနားအား ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး-ဒူးသထူခရိုင်ရှိ "တောကလူ" လူငယ်စင်တာတွင် ကျင်းပပြုလုပ် ခဲ့သည်။

"(၇၅)နှစ်မြောက် ကရင့်တော်လှန်ရေးနေ့" ဂုဏ်ပြုအခမ်းနားကို ကရင်အမျိုးသားအလံတော်အား အလေးပြုခြင်းဖြင့် စတင်ကာ ကရင်အမျိုးသားတော်လှန်ရေး အတွက် အသက်ပေးသွားသော ခေါင်းဆောင်များ၊ ရဲဘော်များနှင့် ပြည်သူလူထုများကို အမှတ်ရအောက်မေ့သည့်အနေဖြင့် တစ်မိနစ်ငြိမ်သက်ကာ ဆုတောင်းပေးခဲ့သည်။

ထို့နောက်သဘာပတိဖြစ်သော ကေအဲန်ယူ-ဒူးသထူခရိုင် ဥက္ကဌ ပဒိုစောစိုးမြင့်မှ အဖွင့်မိန့်ခွန်းပြောကြားခြင်း၊ KNU၊ KYO၊ KWOနှင့် မိတ်ဖက် တော်လှန်ရေး အင်အားစုများမှ ပေးပို့သော သဝဏ်လွှာများ ဖတ်ကြားခဲ့ပြီးနောက် ကရင့်တော်လှန်ရေးနေ့ ဖြစ်ပေါ်လာပုံအကျည်းချုပ်ကို ကေအဲန်ယူ-ဗဟို အထွေထွေ တွဲဖက်အတွင်းရေးမှုးချုပ် (၁)ပဒို့-စောသောသီ မှ ပြောကြားခဲ့သည်။

ပြီးနောက်တက်ရောက်လာသည့် ခေါင်းဆောင်များဖြစ်သော ကေအဲန်ယူ-ဗဟို ဒုဥက္ကဌ ပဒိုစောဆဲဂေ၊ ဗဟိုအတွင်းရေးမှူးချုပ်-ပဒိုစောတာဒို့မူး၊ KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ပထမတန်း စစ်ဦးစီး ဗိုလ်မှူးချုပ် စောတာမလာသော(G-1)တို့မှ အသီးသီး တစ်ဦးချင်းစီ အားပေးတိုက်တွန်းစကားပြောကြားခဲ့သည်။

ထို့နောက် ခရိုင် ဥက္ကဌမှ နိဂုံးချုပ် အပိတ်မိန့်ခွန်းပြောကြားခဲ့ကာ ကရင်အမျိုးသားအလံတော်သီချင်းသီဆိုကာ အလံတော်အားအလေးပြုပြီး နှုတ်ဆက်ခြင်းဖြင့် အခမ်းအနားကို အောင်မြင်စွာ ပိတ်သိမ်းခဲ့သည်။

(၇၅) နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားသို့ ကေအဲန်ယူ- ကရင်အမျိုးသား အစည်းအရုံး ဗဟို၊ KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဗဟိုစစ်ဌာနချုပ်၊ ခရိုင်၊ တပ်မဟာ၊ တပ်ရင်း၊ မြို့နယ်၊ ကျေးနယ် ခေါင်းဆောင်များ၊ ဌာနဆိုင်ရာနှင့် ဌာနခွဲ အသီးသီးမှ တာဝန်ရှိ ခေါင်းဆောင်များ၊ KYO၊ KWOနှင့် ဒေသခံ ရပ်မိရပ်ဖများ စုစုပေါင်း လူဦးရေ (၁၀၀)ဦးကျော်တက်ရောက် ပါဝင်ဂုဏ်ပြုခဲ့သည်။

ဓါတ်ပုံ − ဂုဏ်ပြုအခမ်းနား ကို ကေအဲန်ယူ-ဒူးသထူခရိုင်တွင် ပြုလုပ်ပြီးစီးခဲ့သော "(၇၅)နှစ်မြောက် ကရင့်တော်လှန်ရေးနေ့" ပုံရိပ်များ။
သတင်းအရင်းအမြစ် − ဒူးသထူခရိုင်−သတင်းနှင့်ပြန်ကြားရေး။