စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ခလယ်လွီထူခရိုင်တွင် သစ်တောနှင့်မြေယာဆိုင်ရာရှင်းလင်းချပြခြင်းနှင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ် ပြီးစီး

ဖေဖော်ဝါရီလ (၂၇) ရက်၊ ၂၀၂၄ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူခရိုင်တွင် ဗဟိုသစ်တောဌာနမှ ဦးဆောင်ပြီး ဖေဖော်ဝါရီလ (၂၀) ရက်နေ့မှ (၂၄)ရက်နေ့အထိ (၄)ရက်တာအတွင်း သစ်တောနှင့်မြေယာဆိုင်ရာ ရှင်းလင်း ချပြခြင်းနှင့် အလုပ်ရုံဆွေးနွေးပွဲအစီအစဉ်ကို ပြုလုပ်ခဲ့သည်။

အစည်းအဝေးကို ခရိုင်နှင့် မြို့နယ်အဆင့်မှ သစ်တောဌာန၊ လယ်ယာစိုက်ပျိုးရေးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဌာန၊ သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဌာန၊ သတ္တုတွင်းကော်မတီနှင့် ကျေးရွာ အဆင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီမှ စုစုပေါင်း (၃၀)ဦးနီးပါး တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ခရိုင်နှင့်ဗဟိုသစ်တောဌာန၏ လက်ရှိအခြေအနေ အကျဉ်းချုပ်တင်ပြခြင်း၊ ၂၀၂၂-၂၀၂၃မှ ၂၀၂၅-၂၆ (၄)နှစ်တာကာလအတွင်း သစ်တောကဏ္ဍမဟာဗျူဟာမြောက် လုပ်ငန်းစီမံချက်များကို ရှင်းလင်း တင်ပြခြင်း၊ ရေဝေရေလဲဒေသ စီမံအုပ်ချုပ်ခြင်းဆိုင်ရာလုပ်ငန်း လမ်းညွှန်ရှင်းလင်းတင်ပြခြင်း၊ ကျေးရွာပိုင် ဘုံသစ်တော ထူထောင်ခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်အပေါ် ရှင်းလင်းတင်ပြခြင်း၊ သစ်တောမူဝါဒ (ပေါ်လစီ) မူကြမ်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခြင်း၊ မြေယာကော်မတီဖွဲ့စည်းပုံနှင့် တာဝန်ဝတ္တရားဆိုင်ရာ ရှင်းလင်းတင်ပြခြင်း၊ မြေယာပြဿနာဖြေရှင်းရေးဆိုင်ရာ လုပ်ငန်းလမ်းညွှန် တင်ပြရှင်းလင်းခြင်း စသည်တို့ကို ဗဟိုသစ်တောဌာနမှူး ပဒိုမန်းဘထွန်းမှ ရှင်းလင်းချပြ ဆွေးနွေးခဲ့သည်။

ဓါတ်ပုံ − ခလယ်လွီထူခရိုင်တွင် ကျင်းပပြုလုပ်ပြီးစီးခဲ့သော သစ်တောနှင့်မြေယာဆိုင်ရာ ရှင်းလင်းချပြခြင်းနှင့် အလုပ်ရုံဆွေးနွေးပွဲ ပုံရိပ်များ။
သတင်းအရင်းအမြစ် − ခလယ်လွီခရိုင်−သတင်းနှင့်ပြန်ကြားရေး။