စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ဌာနများ

ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး နိုင်ငံခြားရေးဌာနနှင့် နိုင်ငံတကာရောက်ကရင်များ တွေ့ဆုံပွဲ ပြုလုပ်

ဇန်နဝါရီ (၃) ရက်၊ ၂၀၂၅ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး နိုင်ငံခြားရေးဌာနတာဝန်ရှိသူများနှင့် နိုင်ငံတကာရောက် ကရင် များ တွေ့ဆုံပွဲတရပ်ကို ဒီဇင်ဘာလ (၂၇) ရက် ၂၀၂၄ခုနှစ် နယ်စပ်တနေရာတွင် ပြုလုပ်ခဲ့ပြီး ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး၏ နိုင်ငံရေး၊ စစ်ရေး ထိပ်ပိုင်းခေါင်းဆောင်များ နိုင်ငံတကာရောက် ကရင် အဖွဲ့အစည်းခေါင်းဆောင်များနှင့်လူငယ်စုစုပေါင်း (၂၁) ဦးခန့် တက်ရောက်ခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲတွင် လက်ရှိကော်သူးလေဒေသ၏ နိုင်ငံရေး စစ်ရေးအခြေအနေများ၊ အကြမ်းဖက် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်များ၊ အမျိုးသမီးနှင့် လူငယ်အခန်းကဏ္ဌများ စသည်တို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး နိုင်ငံတကာရောက်ကရင်အဖွဲ့စည်းများမှလည်း ၎င်းတို့၏ စုဖွဲ့မှု ချိတ်ဆက်ဆောင်ရွက်နိုင်မှု အခြေအနေများကို တင်ပြခဲ့ကြပြီး ယခုထက်ပို၍ ကော်သူးလေ တည်ဆောက် ရေးတွင် အားတက်သရောပါဝင်နိုင်ရေးအတွက် အလွတ်သဘောဆွေးနွေးခဲ့ကြသည်။
ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး နိုင်ငံခြားရေးဌာနအနေဖြင့် နိုင်ငံတကာရောက်ကရင်များနှင့် ချိတ်ဆက် လုပ်ဆောင်ခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာအကူအညီများအတွက် ဆွေးနွေးတင်ပြခြင်းအပြင် နိုင်ငံတကာ သံခင်းတမန်ခင်း ကိစ္စရပ်များကို အဓိက လုပ်ဆောင်နေသည့် ဌာနတစ်ခုဖြစ်သည်။