စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ဌာနများ

ဒူးပလာယာခရိုင် ကော်သူးလေ - မွေးမြူရေးနှင့် ရေလုပ်ငန်းဌာနမှ ရေအရင်းမြစ်စီမံခန့်ခွဲမှု နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သင်တန်းပြုလုပ်

ဖေဖော်ဝါရီလ (၂၃) ရက်၊ ၂၀၂၅ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၏ ကော်သူးလေ - မွေးမြူရေးနှင့် ရေလုပ်ငန်းဌာနမှ ဦးဆောင်မှုပြု၍ (၁)ကော်သူးလေ - ရေလုပ်ငန်း နှင့် မွေးမြူရေးဌာန ဝန်ထမ်းများ ရေအရင်းအမြစ်စီမံခန့်ခွဲမှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး အသိပညာများ သိရှိစေရန်၊ (၂)ဌာနဝန်ထမ်းများ အရည်အသွေးမြင့်မားလာစေရန်၊ (၃)ဌာနဝန်ထမ်းများ အသိပညာတိုးပွားလာပြီး ရေရှားပါးခြင်းကြုံတွေ့နေရသော ဌာနေပြည်သူလူထုများအား ပြန်လည်စီမံခန့်ခွဲမှု ပြုလုပ်ပေးနိုင်ရန် စသည့် ရည်ရွယ်ချက် (၄) ချက်ဖြင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မှ ၄ ရက်နေ့အထိ ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်တွင် ပြုလုပ်ခဲ့သည်။
ထိုသင်တန်းတွင် ဒူးပလာယာခရိုင် ကော်သူးလေ - မွေးမြူရေးနှင့် ရေလုပ်ငန်းဌာနမှ တာဝန်ရှိခေါင်းဆောင်များ နှင့် ဝန်ထမ်းများ၊ ဒူးပလာယာခရိုင်ရှိ မြို့နယ်အသီးသီးမှ ကော်သူးလေ - မွေးမြူရေးနှင့် ရေလုပ်ငန်းဌာန တာဝန်ရှိခေါင်းဆောင်များ နှင့် ဝန်ထမ်းများ စုစုပေါင်း (၃၄) ဦး တက်ရောက်ခဲ့ပြီး လက်တွေ့ကွင်းဆင်းခြင်းများလည်း ပြုလုပ်ခဲ့သည်။