စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

မြိတ်ထားဝယ်ခရိုင် ကရင်လူငယ်အစည်းအရုံးကဦးဆောင်ပြီး ကရင်လူငယ်ချစ်ကြည်ရေးနှင့် လူငယ်သင်တန်း ကျင်းပပြုလုပ်ပြီးစီး

မတ်လ (၉) ရက်၊ ၂၀၂၅ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
မြိတ်ထားဝယ်ခရိုင် ကရင်လူငယ်အစည်းအရုံးမှ ဦးဆောင်ပြီး ကရင်လူငယ်ချစ်ကြည်ရေးနှင့် လူငယ် သင်တန်းကို ၂၀၂၅ခုနှစ် မတ်လ (၄) ရက်နေ့ မှ မတ်လ (၇) ရက်နေ့အထိ ကေအဲန်ယူ−မြိတ်ထားဝယ်ခရိုင် ထိန်းချုပ်နယ်မြေ လယ်မူလားမြို့နယ်အတွင်းတွင်ပြုလုပ်ကျင်းပခဲ့ပါသည်။
ဤလူငယ်ချစ်ကြည်‌ရေးနှင့် သင်တန်းတွင် ကစယ်ဒိုမြို့နယ် ကလဲမူထီးတိုက်နယ်အုပ်စု ကျေးရွာပေါင်း (၂၄) ရွာမှ ကရင်လူငယ်ခေါင်းဆောင်များ၊ လယ်မူလားမြို့နယ် ပလောက်တိုက်နယ်အုပ်စု ကျေးရွာပေါင်း (၆)ရွာ ကကျေးရွာကရင်လူငယ်ခေါင်းဆောင်များ စုစုပေါင်း (၁၆၉)ယောက် တက်ရောက်ခဲ့ပါသည်။
ဤသင်တန်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်မှာ ကရင်လူငယ်များ မိမိတို့၏ ကရင့်သမိုင်း အကြောင်း အရာများ၊ နိုင်ငံရေးလမ်းစဥ်နှင့်လုပ်ငန်းစဥ်များသိရှိနားလည်ရန်၊ လူငယ်များစုပေါင်းခေါင်း ဆောင်မှု အား‌ကောင်းလာရန်၊ သဘာ၀ပတ်ဝန်းကျင်နှင့်ဆိုင်‌သော အကြောင်းအရာများကို သိရှိနားလည်ပြီး ပြန်လည် အသုံးချမျှဝေရန်၊ နှီးနှောဖလှယ်ပွဲမှရရှိလာသော အသိပညာများကိုမိမိတို့၏ ကျေးရွာအတွင်း (သို့) မိမိနှင့်သက်ဆိုင်သောအခန်းကဏ္ဍအသီးသီးတွင် ပြန်လည်အကောင်အထည်‌ဖော်လုပ်ဆောင်ရန် ဖြစ်သည်။
ဤသင်တန်းအတွင်း သင်ကြားခဲ့သည့်ဘာသာရပ်များမှာ
၁။ ကရင်လူမျိုးဖြတ်သန်းလာခဲ့ရတဲ့‌ခေတ်အဆင့်ဆင့် ‌သမိုင်းအကျဉ်းနှင့်လက်ရှိနိုင်ငံရေးလမ်းစဥ်နှင့် လုပ်ငန်စဥ်များ။
၂။ လူငယ်နှင့်ခေါင်းဆောင်မှု (Leadership)
၃။ လူငယ်နှင့်မူးယစ်ဆေးဝါးပြသနာ၊ မူးယစ်ဆေးဝါးအထူးအက်ဥပဒေ
၄။ လူငယ်နှင့်သဘာဝပတ်ဝန်းကျင် များဖြစ်ကြသည်။
သင်ကြားခဲ့သည့်ဘာသာရများအပါအဝင် လူငယ်ချစ်ကြည်ရေးအတွက် ပြိုင်ပွဲအမျိုးမျိုးများဖြစ်တဲ့ စကားလုပြိုင်ပွဲ၊ စကားဆက်ပြိုင်ပွဲ၊ တစ်ကိုယ်တော်သီချင်းပြိုင်ပွဲ၊ စုံတွဲသီချင်းပြိုင်ပွဲ၊ Group Songs သီချင်းပြိုင်ပွဲ၊ ပြဇတ်ပြိုင်ပွဲများပြုလုပ်ခဲ့ပါသည်။