မတ်လ (၁၀) ရက်၊ ၂၀၂၅ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ မူးမြို့နယ် ၌ မူးမြို့နယ် ကရင်လူငယ်အစည်းအရုံးမှ ဦးစီးဦးဆောင်ပြီး နွေရာသီ ကျေးရွာအုပ်စုလူငယ်ခေါင်းဆောင် ရက်တို သင်တန်း ကို ၂၀၂၅ခုနှစ် မတ်လ (၅) ရက်နေ့မှ (၈) ရက်နေ့ အထိပြုလုပ်ခဲ့ပြီး ကျေးရွာအုပ်စု (၁၆)အုပ်စုမှ ကရင်လူငယ်အစည်းအရုံး လူငယ်ခေါင်းဆောင် (၂၄)ဦး တက်ရောက်ခဲ့သည်။
အဆိုပါသင်တန်းတွင် (၁) ကေအဲန်ယူ-ခြေခံလမ်းစဉ် လုပ်ငန်းစဉ်၊ (၂) ကေအဲန်ယူ−ဖွဲ့စည်းပုံအခြခံဥပဒေ နည်းဥပဒေ၊ (၃) သတင်းမီဒီယာ၊ (၄) ကရင်လူငယ်အစည်းအရုံး ဖွဲ့စည်းပုံအခြေခံဥပဒေ၊ (၅) နိုင်ငံရေးအန်တုမှု နှင့် (၆) ခေါင်းဆောင်မှု ဘာသာရပ်များပို့ချခဲ့သည်။
ထို့အပြင် မြို့နယ်ကရင်လူငယ်အစည်းအရုံးမှ တက်ရောက်လာကြသော လူငယ်ခေါင်းများနှင့် ရှေ့ဆက် လုပ်ဆောင် ရမည့် လုပ်ငန်းစဉ်များအတွက် အပြန်အလှန်ဆွေးနွေးခြင်း ရှေ့လုပ်ငန်းစဉ်များကို ရေးဆွဲချမှခဲ့သည်။
ခလယ်လွီထူခရိုင်အတွင်း မူးမြို့နယ်ကရင်လူငယ်အစည်းအရုံးမှ လက်ရှိကာလတွင် လူငယ်များ၏အခန်း ကဏ္ဍ ပါဝင်လုပ်ဆောင်မှု ကောင်းမွန်လာစေရန် ရည်ရွယ်ပြီး ရက်တို/ရက်ရှည် သင်တန်းခေါ်ယူခြင်းများ စဉ်ဆက်မပြတ် လုပ်ဆောင်နေခြင်းဖြစ်သည်။