စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
သစ်တောကာကွယ်ထိန်းရေးဆိုင်ရာ ပူးပေါင်းလုပ်ဆောင်ရန် ကရင်လက်နက်ကိုင် ၃ ဖွဲ့ ပထမအကြိမ်တွေ့ဆုံဆွေးနွေး

သစ်တောကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး ပူးပေါင်းလုပ်ဆောင်နိုင်ရန်အတွက် KNU-ကရင်အမျိုးသားအစည်းအရုံး (ဗဟို)သစ်တောဌာန ဦးဆောင်ပြီးအခြားသော ကရင်လက်နက်ကိုင် ၃ ဖွဲ့တို့ နှင့် ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးမှုကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ပိုင်ကျုံမြို့နယ် ကွီးကျယ်ကျေးရွာအနီးတွင် ပြုလုပ်ခဲ့သည်။

KNU -ကရင်အမျိုးသားအစည်းအရုံး (ဗဟို)သစ်တောဌာနနှင့် ဖားအံခရိုင်တာဝန်ရှိသူများ၊ နယ်ခြားစောင့်တပ် -BGF တာ ဝန်ရှိတပ်မှူးများ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ-KNU/KNLA(PC)တာဝန်ရှိသူများပါဝင်သည့် အဆိုပါတွေ့ဆုံဆွေးနွေးမှုပြုလုပ် ရခြင်းနှင့်ပတ်သက်၍ အဓိကရည်ရွယ်ချက်က သစ်တောကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး အတူတကွပူးပေါင်းလုပ်ဆောင်နိုင်ရန်အတွက်ရည်ရွယ်သည်၊၊

တစ်ရက်တာပြုလုပ်သည့် ကရင်လက်နက်ကိုင် ၃ ဖွဲ့တွေ့ဆုံဆွေးနွေးမှုတွင် KNU (ဗဟို)သစ်တောဌာနမှ အကောင်အထည် ဖော်လုပ်ဆောင်နေသည့် လုပ်ငန်းများ၊ မူဝါဒများ နှင့်ရှေ့ဆက်လုပ်ဆောင်မည့် အစီအစဉ်များအပြင် ဒေသတွင်း သစ်၊ ဝါး ခုတ်ယူမှုများအပေါ် စနစ်တကျထိန်းသိမ်းကာကွယ်နိုင်ရေး၊ တောမီးလောင်ကျွမ်းမှုမဖြစ်ပွားရေးနှင့် မြစ်၊ ချောင်းများအား ရေရှည် တည်တံ့အောင်ထိန်းသိမ်းကာကွယ်သွားနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါကိစ္စရပ်များနှင့်ပတ်သက်၍ ယခင်ကပူးပေါင်းလုပ်ဆောင်မှု မရှိခဲ့သည့် ကရင်လက်နက်ကိုင်အဖွဲ့များ အနေဖြင့် လုပ်ငန်းအကောင်အထည်ဖော်နိုင်ရေး ဆက်လက်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်သွားမည့်အပြင် သစ်တောနှင့်ပတ် သက်သည့် အသိပညာပေးလုပ်ငန်းများကို အတူတကွ ကွင်းဆင်းလုပ်ဆောင်မှုများပြုလုပ်ရေး ၊ ဒေသတွင်း ဘာသာ ရေးခေါင်းဆောင်များပါ ပူးပေါင်းပါဝင်လာနိုင်ရေး လုပ်ဆောင်သွား ရန်ရှိသည်၊၊

သူးလေသတင်းစဉ်
ဖေဖော်ဝါရီလ ၂၆ ရက်၊ ၂၀၂၀ ခုနှစ်