စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
ကော်သူးလေအုပ်ချုပ်နယ်မြေ၌ (၂၀၂၃) ခုနှစ်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှု စာရင်းချုပ်

ဇန်နဝါရီလ (၁၈) ရက်၊ ၂၀၂၄ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၌ ၂၀၂၃ ခုနှစ် တစ်နှစ်လုံးအတွင်း အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ် များမှ ၎င်းတို့၏ အာဏာဆက်လက်တည်မြဲရေးနှင့် နယ်မြေထိန်းချုပ်နိုင်ရေးအတွက် လူ့အခွင့် အရေးချိုးဖောက်မှု အမျိုးအစား (၁၈) မျိုး ထပ်မနည်းကို ကျူးလွန်ခဲ့ကြောင်း ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး သတင်းနှင့်ပြန်ကြားရေးဗဟို၏ မှတ်တမ်းအချက်အလက်များအရ သိရသည်။

၎င်းတို့ ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများမှာ−
(၁) ပြည်သူလူထုများအား လေကြောင်းမှပစ်ခတ်တိုက်ခိုက်ခြင်း − ၇၉၁ ကြိမ်
(၂) ပြည်သူလူထုများအား လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်း − ၂၀၇၅ ကြိမ်
(၃) ပြည်သူလူထုများအား လက်နက်ငယ်ဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်း − ၄ ကြိမ်
(၄) ပြည်သူလူထုများအားသေနတ်ဖြင့်အကြောင်းမဲ့ပစ်ခတ်ခြင်း − ၂၆ ကြိမ်
(၅) ပြည်သူလူထုများ အသုံးပြုသောလမ်းများတွင် မိုင်းထောင်ခြင်း − ၄၀ ကြိမ်
(၆) ပြည်သူလူထုများအား ပေါ်တာအဖြစ်အသုံးပြုခြင်း − ၂ ကြိမ်
(၇) ပြည်သူလူထုများအား ဖမ်းဆီးခြင်းနှင့် ဖမ်းဆီးသတ်ဖြတ်ခြင်း − ၅၅ ကြိမ်
(၈) ပြည်သူလူထုများအား ညှင်းပန်းနှိပ်စက်ခြင်း − ၁၄ ကြိမ်
(၉) ပြည်သူလူထုများအား လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်ခြင်း − ၃ ကြိမ်
(၁၀) ပြည်သူလူထုပိုင် ပစ္စည်းဥစ္စာများအားမီးရှို့ဖျက်ဆီးခြင်း − ၅၆ ကြိမ်
(၁၁) ပြည်သူလူထု၏ နေအိမ်များအားဖျက်စီးခြင်း − ၄ ကြိမ်
(၁၂) ပြည်သူလူထု၏ နေအိမ်များအားမွှေနှောက်ဖျက်ဆီးပြီးလိုချင်သည် များကိုယူဆောင်သွားခြင်း − ၃ ကြိမ်
(၁၃) ပြည်သူလူထုပိုင် ပစ္စည်းဥစ္စာများအတင်းအဓမ္မသူဆောင်ခြင်း − ၂၇ ကြိမ်
(၁၄) ပြည်သူလူထုများအား အတင်းအဓမ္ခခိုင်းစေခြင်း − ၈ ကြိမ်
(၁၅) ပြည်သူလူထုများအား အတင်းအဓမ္မရွှေ့ပြောင်းစေခြင်း − ၁ ကြိမ်
(၁၆) ပြည်သူလူထုများအား ငွေတောင်းခံခြင်း − ၅ ကြိမ်
(၁၇) ပြည်သူလူထုများအား ဖမ်းဆီးငွေတောင်းခံခြင်း − ၅ ကြိမ်
(၁၈) ပြည်သူလူထုများအား ခြိမ်းခြောက်ခြင်း − ၆ ကြိမ်

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်သည် ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း လူအခွင့်အရေးချိုးဖောက်မှု အမျိုးအစား (၁၈) မျိုးအား အကြိမ်ရေ (၃၁၂၅) ကြိမ်ထပ်မနည်းကျူးလွန်ခဲ့ပြီး ထိုသို့သော လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ဒေသခံပြည်သူ (၁၉၇) ဦး အကြောင်းမဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး (၁၉၅) ဦးအသက်သေဆုံးခဲ့ရကာ (၆၆၁) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ရသည့်အပြင် ဘုရားကျောင်း (၁၈) ကျောင်း၊ ဘုန်းကြီးကျောင်း (၂၅) ကျောင်း၊ ဗလီ (၁) ကျောင်း၊ စာသင်ကျောင်း (၁၆) ကျောင်း၊ ဆေးပေးခန်း (၂) လုံး၊ ဆေးရုံ (၅) လုံး၊ ပြည်သူပိုင်အဆောက်အဦး (၉၁) လုံး၊ စိုက်ပျိုးခြံ (၁၁) ခြံ၊ အိမ် (၁၈၆၉) လုံး ထက်မနည်းထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည်။

အထက်ဖော်ပြပါ စာရင်းအချက်အလက်များအရ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှု များသည် အာဏာစသိမ်းသည့် ၂၀၂၁ မှ ၂၀၂၃ အထိ ထိခိုက်ပျက်စီးမှုများထက် များစွာမြင့်တက်လာသည်ကို သိရှိရပြီး ဤအချက်အလက်များသည် ကောက်ခံရရှိသော အချက်အလက် များသာဖြစ်ပြီး ကောက်ခံ၍မရရှိသော အချက်အလက်များ လည်းကျန်ရှိနေနိုင်သေးသည့်အတွက် အမှန်တကယ် ထိခိုက်ပျက်စီးဆုံးရှံးမှုများသည် ဖော်ပြ ပါစာရင်းအချက်အလက်များ ထက်များနေနိုင်သည်။