စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
ကျောက်ကြီးမြို့နယ် နတ်သံကွင်းကျေးရွာအုပ်စုအတွင်း အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့များက ရွာသားကို အကြောင်းပြချက်မရှိဖမ်းစီး

စက်တင်ဘာ(၆)ရက်၊ ၂၀၂၁ ခုနှစ်။
ကေအဲန်ယူ-ညောင်လေးပင်ခရိုင် ၊ ကျောက်ကြီးမြို့နယ် နတ်သံကွင်းကျေးရွာအတွင်း အာဏာ စစ်ကောင်စီ (စကစ) က ရွားသားတစ်ဦးကို စက်တင်ဘာ(၅)ရက် ည(၈း၃၀)မိနစ် အချိန်တွင် ဖမ်းစီးသွားခဲ့သည်။

စက်တင်ဘာ(၅)ရက်နေ့ ည(၈း၃၀)မိနစ်အချိန်တွင် အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ (စကစ) နှင့် နတ်သံကွင်း အာဏာသိမ်းစစ်ကောင်စီ ထောက်ခံသူ အုပ်ချုပ်ရေးမှူး ဦးသန်းလွင်တို့သည် (၆)ရက်ကွပ်ရှိ စောတမလာဂေါ်(ခ)ဇင်မင်းထွန်းကို နေ့အိမ်သို့ အကြောင်းပြချက်မရှိ ဖမ်းစီးသွားခဲ့ သည်။

စောတမလာဂေါ်(ခ)ဇင်မင်းထွန်းရဲ့ ဆွေမျိုးမိသားစုဝင်များက မည်သည့်ကိစ္စဖြစ်၊ မည်သည့်နေရာ ကို ဖမ်းစီးသွားသည် မသိရသဖြင့် စိုးရိမ်းပူပန်းနေကြောင်းသိရပါသည်။

ကေအဲန်ယူ-ညောင်လေးပင်ခရိုင် ဆောထိမြို့နယ် ၊ မူး(မုန်း)မြို့နယ် နှင့် ကျောက်ကြီးမြို့နယ် အတွင်း အာဏာသိမ်းစစ်ကောင်စီ (စကစ) နှင့် အာဏာသိမ်းစစ်ကောင်စီ  ထောက်ခံသူများပူးပေါင်းပြီး  ပြည်သူးများကို လိုက်လှည်ဖမ်းစီးခြင်း ပြုလုပ်နေပါသည်။