စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
ကေအဲန်ယူ-ဘိတ်ထားဝယ်ခရိုင်-တပ်မဟာ(၄) ထိန်းချုပ်နယ်မြေအတွင်း ပစ်ခတ်မှု ဖြစ်ပွား

ကေအဲန်ယူ-ဗဟို
၂၀၂၁ ခုနှစ် စက်တင်ဘာလ (၆) ရက်နေ့ ထားဝယ်မြို့အနားတဝိုက်တွင် ရှိသော အာဏာသိမ်း စစ်ကောင်စီ တပ်များ ၏ စစ်ကား (၂၀) စီးကျော် ပုလောမြို့နယ် သို့ ဆင်းသွားပြီး ညအချိန်တွင် ဒူးရင်းပင်ရှောင်ကျေးရွာ သို့ ဆင်းသွားခဲ့ပါသည်။
နောက်တစ်နေ့ (၇) ရက်နေ့ နံနက် ၈းဝ၀ နာရီ ခန့်အချိန်တွင် ဒူးရင်းပင်ရှောင်ကျေးရွာ နှင့် ပိန္နဲတောင်ကျေးရွာ အကြားရှိ ဆားခဲကျေးရွာ သို့ ရောက်ရှိနေသော စစ်ကောင်စီ ၏ တပ်များ နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-တပ်မဟာ(၄)၊ တပ်ရင်း(၇)၊ တပ်ခွဲ(၂) တို့ အကြား ပစ်ခတ်မှု (၂) ကြိမ်ဖြစ်ပွား ခဲ့သည် ဟု သိရပါသည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သတ်မှတ်ထားသည့် နယ်မြေ အတွင်းသို့ စစ်ကောင်စီ တပ်များ က ကျူးကျော် ဝင်ရောက်လာခြင်းကြောင့် ထိုသို့ တိုက်ပွဲ ဖြစ်ပွားရခြင်း ဖြစ်သည်။ တိုက်ပွဲ ဖြစ်ပွားရာနေရာ အနီးတဝို်က် ၏ ထိခိုက်မှုများ ကိုမှု အတိအကျ မသိရသေး သကဲ့သို့ နှစ်ဖက်တပ်ဖွဲ့များ ၏ ထိခိုက်ဒဏ်ရာ ရရှိမှု များကို လည်း ဆက်သွယ်စုံစမ်းဆဲ ဖြစ်ပါသည်။
ထို့အတူ ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၇) ရက်နေ့ နံနက် (၉း၂၀) နာရီ တွင်လည်း ကေအဲန်ယူ-ဘိတ်ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ် ထိန်းချုပ်နယ်မြေ အတွင်းရှိ သဲချောင်းကြီးအုပ်စု၊ ရေပူကျေးရွာ အနီးတွင် အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံတပ်ရင်း(၄၀၅)၊ တပ်ရင်း(၄၀၃) နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တို့ ပစ်ခတ်မှု ဖြစ်ပွားသည် ဟု သိရပါသည်။ ထို့နောက် ညနေပိုင်း (၄းဝ၀)နာရီ ဝန်းကျင်ခန့်တွင် ရေပျံ့ကျေးရွာ ၌ ဒုတိယအကြိမ် ထပ်မံ တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။ တိုက်ပွဲ (၂) ကြိမ် ဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီ တပ်များ မှ လူအင်အား တိုးချဲ့နေသည် ဟု မြေပြင်သတင်းများ အရ သိရှိရပါသည်။
အဆိုပါ တိုက်ပွဲ ဖြစ်ပွားရာ ဒေသတဝိုက်ဖြစ်သော ရေပူ၊ ရေပျံ့၊ ကရင်တောင်ပျောက်၊ မိုင်ကဲ နှင့် အိုင်ဝိုင်း ကျေးရွာ (၅) ရွာ မှ မိဘပြည်သူ များမှာ ကြောက်လန့်စိုးရွံ့နေကြပြီး အချို့မှာ ထွက်ပြေးတိမ်းရှောင်နေကြရ သည် ဟု သိရပါသည်။
ကေအဲန်ယူ-ဘိတ်ထားဝယ်ခရိုင်-ကစယ်ဒိုမြို့နယ် အတွင်း ကေအဲန်ယူ ထိန်းချုပ်နယ်မြေ များတွင် အာဏာသိမ်း စစ်ကောင်စီ ၏ စစ်တပ်များ ကျူးကျော် ဝင်ရောက်လာခြင်း ကြောင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA နှင့် လည်း တိုက်ပွဲငယ်များ ထပ်မံ ဖြစ်ပွားခဲ့ပါသေးသည် ဟု သိရှိရပါသည်။