စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
အာဏာသိမ်းစစ်ကောင်စီ၏ အခြေစိုက်တပ်စခန်းကို KNU - KNLA နှင့် KNDO မှ တက်သိမ်း


၉ စက်တင်ဘာ ၂၀၂၁ ကေအဲန်ယူ - ဗဟို
၂၀၂၁ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၄း၀၀ နာရီခန့်အချိန်တွင် ကေအဲန်ယူ - တပ်မဟာ ၃ မှ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် KNDO တပ်ရင်း ၃ တပ်ဖွဲ့ နှင့် ကေအဲန်ယူ - တပ်မဟာ ၅ မှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၏ တပ်ဖွဲ့များပူးပေါင်း၍ ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး၏ ထိန်းချုပ်နယ်မြေ တပ်မဟာ ၃ နှင့် တပ်မ ဟာ ၅ အကြားရှိ ကဘောတူ အရပ်ဒေသမှ အာဏာသိမ်းစစ်ကောင်စီ၏ အခြေစိုက်တပ်စခန်း ကို တိုက်ခိုက်သိမ်းယူလိုက်ပါသည်။

ထို့သို့ အာဏာသိမ်းစစ်ကောင်စီ၏ အခြေစိုက်တပ်စခန်း ကို KNU - KNLA နှင့် KNDO တို့မှတိုက်ခိုက်သိမ်းယူပြီးသည့်နောက်တွင် အာဏာသိမ်းစစ်ကောင်စီတို့သည် အခင်းဖြစ်ပွားသောနေရာနှင့်အနီးတဝှိက် နှင့် ကေအဲန်ယူ - မူတြော်ခရိုင်ရှိ ယယ်မူပလောကျေးရွာကို လေယာဥ်ဖြင့် လာရောက်ကြည့်ရှုထောက်လှမ်းမှုများပြုလုပ်ကြပါသည်။
တိုက်ပွဲဖြစ်စဥ်နှင့် ထိခိုက်ကျဆုံးမှုများကို ဆက်လက်ဖော်ပြပေးပါမည်။