စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
အာဏာသိမ်းစစ်ကောင်စီ တပ်မှ ရွာသား ၃ ဦးကို ဖမ်းစီးခြင်း


စက်တင်ဘာ (၁၁) ရက် ၊ ၂၀၂၁ ခုနှစ် ။
စက်တင်ဘာလ (၁၁) ရက် နေ့လည် (၁းဝ၀) နာရီအချိန်တွင် ညောင်လေးပင်ခရိုင် ၊ မူး (မုန်း) မြို့နယ်တွင် ရွားသား (၃) ဦးကို အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီအုပ်စုမှ ဝင်ဖမ်းစီး နေသည်ကို သိရပါသည်။

ဖမ်းစီးထားသောရွာသား (၃)ဦး အမည်မှာ ငဇော် ၊ ရှဲနို နှင့် ဖိုးချဲ တို့ဖြစ်ပါသည်။ စက်တင်ဘာ(၁၀) ရက် ညနေ(၄းဝ၀)နာရီအချိန်တွင်လည်း မူး(မုန်း)မြို့နယ် ညောင်ပင်သာရွာသား စိုးအောင်ကို အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီအုပ်စုမှ ဖမ်းစီးပြီး ကျေးရွာလူကြီး ထောက်ခံမှုကြောင့် ညနေ (၆းဝ၀) နာရီအချိန်တွင် ပြန်လွတ်ပေးနေသည်ကို သတင်းရရှိခဲ့ပါသည်။

စက်တင်ဘာ (၁၁) ရက် နံနက် (၀၉းဝ၀) နာရီအချိန်တွင် အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီအုပ်စု လမ်းကင်းနှင့် စစ်တပ်လှုံခြုံရေးများ ညောင်လေးပင်ခရိုင် ၊ ကျောက်ကြီးမြို့နယ် ဘောကထာ တံတားအပေါ် ချထားပါသည်။

အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီအုပ်စု ခလရ (၃၀) အင်အား (၇) ဦး ဘောကထာ တံတားအပေါ်တွင် လမ်းကင်းချထားပြီး ပြည်သူလူထုများ သွားလာစစ်ဆေးခြင်း ၊ မှတ်ပုံတင် စစ်ဆေးခြင်း ၊ ဆိုင်ကယ် နှင့် ကား များစစ်ဆေးနေသည်ကို အမည်မဖေါ်လို တဲ့ ရွာသားတစ်ဦးက ပြောပါသည်။