စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
အာဏာသိမ်းစစ်ကောင်စီမှ လက်နက်ကြီးလက်နက်ငယ်များဖြင့်ရမ်းသမ်းပစ်ခတ်၊ ဒေသခံများ ထိတ်လန့်နေ

၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၄၊ သထုံခရိုင်

သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ မြစ်ကျိုး ကျေးနယ်အုပ်စု၊ လေးကေကျေးရွာအတွင်း တပ်စွဲထားသော အာဏာသိမ်းစစ်ကောင်စီနှင့်လက်အောက်ခံ BGF ပူးပေါင်းတပ်ဖွဲ့ တို့မှ (လေးကေနှင့် မြစ်ကျိုးကျေးရွာအကြား) တွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံလူထုမှာ ထိတ်လန့်ကြောက်ရွံနေကြကြောင်း ကေအဲန်ယူ-ဘီးလင်း သတင်းနှင့်ပြန်ကြားရေးဌာနမှ သတင်းပေးပို့သည်။

"လေးကေစခန်းကအဖွဲ့က ကြသောင်းဆိပ် BGF စခန်းနဲ့တပ်ချိန်းဖို့ စက်တင်ဘာ (၁၂) ရက်နေ့မနက် ၉ နာရီမှာ လေးကေစခန်းကစထွက်တယ် နေ့လည် ၁၂ နာရီ ၂၆ မိနစ်က လေးကေနဲ့ မြစ်ကျိုးရွာကြားမှာ လမ်းကြောင်းရှင်းတဲ့အနေနဲ့ 79 လောင်ချာ (၃) ချက်နဲ့သေနတ်ပစ်ဖောက်တာတွေရှိတယ် "ဟု ဘီးလင်းသတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူမှပြောသည်။ တပ်ချိန်းရာတွင် စားနပ်ရိက္ခာတင်ဆောင်ရန် အရပ်သားကား (၃) စီးကိုလည်း အတင်းအဓမ္မယူတောင်းယူကာ ကားပိုင်ရှင်မှ ကားမောင်းပို့ပေးရကြောင်း ဘီးလင်းသတင်းနှင့်ပြန်ကြားရေးဌာနခွဲမှပြောသည်။

"BGF-၁၀၁၃တပ်ရင်း၊ တပ်ခွဲ (၃) တပ်စုမှူး ကတုံးက ကြသောင်းဆိပ်စခန်းမှာအခု ရှိနေတဲ့ BGF-၁၀၁၃ တပ်ခွဲ (၂) နေရာကို တပ်ချိန်းဖို့ သွားတာ ကတုံးအဖွဲ့က ၃၅ ယောက်ပါတယ် သွားပို့တဲ့လူအင်အား ကအယောက် (၄၀) စုစုပေါင်း (၇၅) ယောက် တက်သွားတယ်" ဟုဘီးလင်းသတင်းနှင့်ပြန်ကြားရေးဌာနခွဲမှပြောသည်။